ရှေ့သွား နောက်လိုက် ညီလှတဲ့ တိုင်ရွန်နဲ့ အိချောပို

Posted on - Aug 6 []

Q Kyue Ko

စာရေးသူ

ပရိသတ်တွေ ကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ သရုပ်ဆောင်တိုင်ရွန်နဲ့ သရုပ်ဆောင် အိချောပိုတို့ဟာ သူတို့လိုချင်တဲ့ ချစ်သူပုံစံတွေကို ပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက်က လိုက်ဖက်ညီစွာနဲ့ Aroma ဖက်ရှင်ပွဲမှာ ရှိုးလျှောက်ခဲ့ ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီလှတဲ့ ပုံလေးတွေက ပရိသတ်တွေကို ထင်ယောင်ထင်မှား တောင်ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က လိုချင်တဲ့ ချစ်သူတွေအကြောင်းကိုလဲ ပြောပြလာပါတယ်။

တိုင်ရွန်ကတော့ သူချစ်သူလေးကို Body ကိတ်ကိတ်ကြီးမဖြစ်စေချင်ဘူး ။အချစ်ရေးနဲ့ပတ်သက်ပြီး body တွေဘာတွေကိုသိပ်စိတ်မ၀င်စားပါဘူး။ ကျွန်တော်ယူမယ့်ကောင်မလေးကိုတော့ Body အရမ်းမရှိစေချင်ဘူး။ သူများတွေ မငမ်းရင် ကိုယ်မပူလောင်တော့ဘူးလို့ ဆိုပြီးပြောခဲ့ပါတယ်။ အိချောပိုကတော့ သူ့ကိုတကယ်ချစ်တဲ့ သူကို လိုချင်ပါတယ်တဲ့ သူမကတော့ ရိုးရိုးအေးအေးနေတက်ပြီး ချစ်သူရှိမှန်းတောင်မသိရလေအောင် နေထိုင်တက်သူလဲ ဖြစ်ပါတယ်။

အိချောပိုက ရုပ်ရှင်ကားကြီးတွေ များစွာ ရိုက်ကူးထားသလို သူမရဲ့ အောင်မြင်မှုကတော့ တစ်ဖြေးဖြေးချင်းနဲ့ ညိမ့်ညိမ့်လေးသွားနေပါတယ်။ တိုင်ရွန်ကတော့ လက်ရှိမှာ ရုပ်ရှင်ကားတွေ များစွာ ရိုက်ကူးနေရပြီး သရုပ်ဆောင်ပိုင်းမှာလဲ သူမတူအောင် သရုပ်ဆောင်နိုင်တဲ့ ပါရမီ ရှိသူတစ်ယောက်ဘဲ ဖြစ်ပါတယ်။ တိုင်ရွန်က မနေ့ကဖြစ်သည် ဆိုတဲ့ရုပ်ရှင်ဇာတ်ကား ကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေတော်တော်များ များရိုက်ကူးလာရပါပြီ။

မကြာသေးခင်ကမှလဲ ငါတို့သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးခဲ့ပြီး သူပါဝင်ရိုက်ကူးခဲ့တဲ့ ပုရိသ ဆိုတဲ့ ရုပ်ရှင်ဖာတ်ကားကြီးကလဲ သြဂုတ်လ ၈ရက်နေ့မှာ ရုံတင်ပြသတော့့မှာဖြစ်တယ်လို့ သိရပါတယ်။ အိချောပို ကတော့ မကြာသေးခင်ကမှ နောင်ချိုမှာ ခေါ်သံဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေတာဖြစ်တယ်လို့ သိရပါတယ်။

တိုင်ရွန် နဲ့ အိချောပိုတို့ဟာ ရန်ကုန်မြို့ Gandamar Grand Ball Room ကြီးမှာ ကျင်းပပြုလုပ်လျက်ရှိနေတဲ့ Aroma Wedding Center ရဲ့ (၈) ကြိမ်မြောက် Wedding Fashion Show ပွဲကြီးမှာ သတို့သား၊ သတို့သမီး တို့ရဲ့ ၀တ်စုံတွေနဲ့ ရှိုးလျှောက်ပေးခဲ့ကြပါတယ်။ လိုက်ဖက်ညီလှတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်နော်။

May Phyo(MML)
Source – Tyron Bejay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။