စွဲမက်စရာကောင်းတဲ့ အပေါ်ပိုင်းအလှကို လှစ်ဟပြပြီး အတွင်းခံကြော်ငြာခဲ့တဲ့ Baifern

Posted on - Aug 6 []

Mia Zin

စာရေးသူ

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ထိုင်းသရုပ်ဆောင်တွေထဲမှာ မင်းသမီးလေး Baifern တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။ 'Crazy Little Thing Called Love' ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို ရရှိခဲ့တဲ့သူမဟာ ၂၀၀၉ ခုနှစ်ကစတင်ပြီး အနုပညာနယ်ပယ်ထဲကို ၀င်ရောက်လာခဲ့သူဖြစ်ကာ လက်ရှိမှာတော့ သရုပ်ဆောင်၊ မော်ဒယ်လ်အဖြစ်နဲ့ လှုပ်ရှားလျှက်ရှိသူ ဖြစ်ပါတယ်။

မော်ဒယ်အဖြစ်နဲ့လည်း အောင်မြင်မှုရရှိနေတဲ့ သူမဟာ ပြီးခဲ့တဲ့လပိုင်းတုန်းဆိုရင် အတွင်းခံကြော်ငြာတစ်ခုကို လက်ခံရိုက်ကူးခဲ့ပြီး ထိုကြော်ငြာပုံရိပ်တွေထဲမှာဆိုရင် သူမကို တစ်ခါမျှမမြင်ဖူးတဲ့ပုံစံမျိုးနဲ့ တွေ့မြင်ရမှာပါ။

အမျိုးသမီးတစ်ယောက်မှာ ရှိသင့်တဲ့ရင်သားအလှကို ၀ံ့ကြွားစွာနဲ့ ဆက်စီကျကျလှစ်ဟပြခဲ့တဲ့ သူမရဲ့ ထိုကြော်ငြာပုံရိပ်တွေဟာ မြင်တွေ့သူပရိသတ်တွေကို ဆွံ့အစေခဲ့ပြီး အံ့သြဘနန်းဖြစ်စေခဲ့ပါတယ်။

ထိုပုံတွေမှာဆိုရင် ပရိသတ်တွေ သိခဲ့တဲ့ ဖြူစင်ရိုးသားတဲ့ပုံစံလေး ပျောက်ကွယ်နေပေမယ့်လည်း ဆွဲဆောင်မှုပြင်းလွန်ူတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်တွေကိုတော့ အထင်းသားတွေ့မြင်နေရပါတယ်။

Baifern တစ်ယောက် ဘယ်လောက်တောင်များ ညှို့အားပြင်းနေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ပါဦး။

ခပ်မိုက်မိုက်ပုံစံနဲ့ သူမကို တစ်ခါမှ မတွေ့ခဲ့ဖူးသူ ပရိသတ်တွေအတွက်ကတော့ ဒီပုံတွေက အဆန်းဖြစ်ကောင်းဖြစ်နေမှာပါ။

ချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ်ကနေ ဆွဲဆောင်မှုပြင်းတဲ့ အမျိုးသမီးအဖြစ်ကို ပြောင်းလဲလာပြီဖြစ်တဲ့ Baifern

အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကိုင်လျှက်ရှိတဲ့ Baifern ဟာ Friend Zone ရုပ်ရှင်ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေးလည်း ဖြစ်ပါတယ်။ Baifern တို့ကတော့ တစ်နေ့ထက် တစ်နေ့ မိုက်သထက်မိုက်လာတော့တာပါပဲနော်။

Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။