နေမကောင်းတဲ့ အချိန်ချစ်ရတဲ့သူဆီက ခမည်းရလိုက်တဲ့ မြတ်ကေသီအောင်

Posted on - Aug 6 []

Q Kyue Ko

စာရေးသူ

အနုပညာအလုပ်တွေနဲ့ ကင်းကွာနေပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်အသွယ်မပျက်ရှိလှတဲ့ အကယ်ဒမီသရုပ်ဆောင် မြတ်ကေသီအောင်ဟာ သူချစ်ရတဲ့ သူဆီကနေ တန်ဖိုးကြီး လက်ဆောင်ရခဲ့တယ်လို့ သိရပါတယ် ။ ခမည်း လိုနေတဲ့ သူမအတွက် ဒီလက်ဆောင်လေးက အရမ်းကို တန်ဖိုးရှိလွန်းနေပါတယ်။ အဲ့ဒီ လက်ဆောင်လေးကို မ၀တ်ရက်လောက်အောင် တန်ဖိုးထားပြီး သိမ်းထားမယ် ဆိုတဲ့အကြောင်းကိုလဲ ပြောပြထားခဲ့ပါတယ်။

ဒီလက်ဆောင်ရတဲ့ အကြောင်းကို မြတ်ကေသီအောင်က " နေမကောင်းတာကို. ခမဲလိုနေတယ်ထင်တယ်ပြောပြီး ကိုယ့်ကိုချစ်တဲ့သူက ဒါလေးပို့လိုက်တယ် ဓာတ်ပုံရိုက်ပို့ပြီးပြန်ချွတ်လိုက်တယ်သေချာ သိမ်းထားပါ့မယ် " လို့လဲ ချစ်ရတဲ့ သူကို အမှာစကားပါးခဲ့ပါတယ်။

သူမက မှတ်သားလောက်တဲ့ စကားလေးတွေ၊ စာလေးတွေကိုလဲ ပြောပြလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက လဲ အပေါ်ယံ လူစားဆိုတဲ့ ခေါင်းစဉ်နဲ့ စာသားတစ်ချို့ ရေးသားခဲ့ပါတယ်။ သူမရေးသားခဲ့တာကတော့ '' အပေါ်ယံ လူစား……ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ပတ်သက်မိပြိီဆို တန်းဖိုးထားကို ထားရမယ်။ တချို့တွေက တန်ဖိုးရှိမှု တန်ဖိုးထားလို့ရမှာပေါ့လို့ တာဝန်မဲ့စကားသိပ်ပြောတတ်တယ်''

''လူတွေအားလုံးမှာ သူ့တန်ဖိုးသူရှိတယ်.တောင်းစားနေတဲ့သူတွေတောင် ပိုက်ဆံဘယ်လိုများများရအောင် တောင်းရမလဲဆိုတဲ့ အတတ်ပညာရှိပါတယ်။ တချို့လူတွေဟာ သနားအောင်ပြောတတ်ပြီး အကူအညီလိုရင် ဘဝကြီးမှာ ကိုယ်မှမကူညီရင်သေတော့မလို ပြောတတ်ကြတယ်။ နောက်တော့အဆင်ပြေသွားရင် ကိုယ်ကပဲ သူ့ကြိုက်လို့ ကူညီလိုက်သလို စပြီးလာပတ်သက်သလို လုပ်ကြံတွေပြောပြီး ကျေးဇူးကန်းတော့တာပဲ ''

'' အထီးကျန်နေပါတယ်ဆိုတဲ့အကြောင်းအရာတွေ အိမ်ကပဲနှင်ချတော့မှာလိုလို ခုပဲလမ်းလေးထွက်ပြီးတောင်းစားရတော့မလိုလို အိပ်စရာမရှိလို့ သူများအိမ်ကပ်အိပ်ရတော့မလိုလို မဟုတ်တာတွေကို လုပ်ကြံပြောတတ်တဲ့လူတွေ တပုံကြီး..နောက်ဆုံးမှာတော့ဘယ်လောက်အရေးကြီးလို့ လိုအပ်တဲ့ပိုက်ဆံလေး ခနပေးပါ.မကြာပါဘူး ပြန်ပေးပါ့မယ်ဆိုတဲ့ မိန်းမ ယောက်ျား အပေါ်ယံလူစားတွေ အများကြီးရှိတယ်ဆိုတာ ယုံလိုက်ပါ '' လို့ ဆိုပြီးလဲ ရေးသားခဲ့ပါတယ်။

မြတ်ကေသီအောင်ရဲ့ ဒဿန တွေကို ခံစားရင်း နေမကောင်းတဲ့ သူမအတွက် အမြန်ဆုံးသက်သားစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ကြပါဦးနော်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source - myat kay thi aung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။