နောက်နှစ်အစောပိုင်းမှာ ချစ်သူ သန်းကြွယ်သူဌေးနဲ့ လက်ထပ်တော့မယ်လို့ အတိအလင်းကြေညာလိုက်တဲ့ Mew Nittha

Posted on - Aug 6 []

Mia Zin

စာရေးသူ

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းသရုပ်ဆောင်တွေထဲမှာ မင်းသမီး Mew Nittha ကလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ သရုပ်ဆောင်လည်းကောင်း၊ ချောမောလှပတဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားတဲ့သူမဟာ အခုဆိုရင် အသက် ၂၈ နှစ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်ပြုသင့်အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလို့နေပါပြီ။

သန်းကြွယ်သူဌေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ တရားဝင်အသိပေးကြေညာထားခဲ့တဲ့ Mew ဟာ အခုဆိုရင်တော့ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို လက်ခံရရှိထားပြီးပြီဆိုတာကို ပရိသတ်တွေ သိထားပြီးသားဖြစ်မှာပါ။ ချစ်သူဆီကနေ လက်ထပ်ခွင့်တောင်းတာကိုရရှိခဲ့ကြောင်းကို Mew က သူမရဲ့ အင်စတာဂရမ်ကနေတဆင့် ဇူလိုင်လ ၁၆ ရက်နေ့တုန်းက မျှဝေပေးခဲ့တာဖြစ်ပါတယ်။

ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံထားတာကြောင့် ပရိသတ်တွေက သူမရဲ့ မင်္ဂလာပွဲ ဘယ်တော့များကျင်းပမလဲဆိုပြီး စိတ်ဝင်စားနေခဲ့ကြပါတယ်။ ဒါကြောင့် Mew ဟာ သူမရဲ့ မင်္ဂလာပွဲနဲ့ပတ်သတ်ပြီး သြဂုတ်လ ၅ ရက်နေ့တုန်းကတက်ရောက်ခဲ့တဲ့ ပွဲအခမ်းအနားတစ်ခုမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဦးစွာ သူမပြောပြခဲ့တဲ့ အကြောင်းအရာကတော့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ လက်စွပ်နဲ့ ပတ်သတ်တာပဲ ဖြစ်ပါတယ်။ လက်ထပ်ခွင့်တောင်းခဲ့တုန်းက သူမရရှိခဲ့တဲ့လက်စွပ်ဟာ ချစ်သူရဲ့ မိခင်ဖြစ်သူ ပိုင်ဆိုင်တဲ့လက်စွပ်ဖြစ်ပြီး လက်စွပ်မှာပါဝင်တဲ့စိန်ကတော့ ကာရက်မည်မျှရှိတယ်ဆိုတာကိုတော့ သူမအနေနဲ့ မသိကြောင်း၊ ထိုလက်စွပ်က သူမရဲ့ လက်အတိုင်းနဲ့ဆိုရင် အနည်းငယ်ကြီးနေတာကြောင့် ဆိုဒ်ကိုပြင်ဆင်ခဲ့ရကြောင်းကို ပြောခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာပွဲကိုတော့ ၂၀၂၀ ခုနှစ်၊ ဇန်န၀ါရီလ ကျင်းပမှာဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။ Mew ဟာ သူမရဲ့ချစ်သူ သန်းကြွယ်သူဌေးနဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လတုန်းကမှ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သူမ ချစ်သူရဲ့မိသားစုကတော့ ရွှေလုပ်ငန်းတွေအမြောက်အများကို ပိုင်ဆိုင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

သူမတို့ ၂ ဦးရဲ့ တွေ့ဆုံချစ်ကြိုက်ချိန်ဟာ ၁ နှစ်မျှသာ ရှိသေးတာကြောင့် သူမရဲ့ ပရိသတ်တွေအနေနဲ့ကတော့ သူမရဲ့ လက်ထပ်သတင်းကို မယုံကြည်နိုင်ဖြစ်နေကြဆဲပါ။ ဒါပေမယ့်လည်း သူမရဲ့ ချစ်သူခင်ပွန်းလောင်းက သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်တာကြောင့် လက်ထပ်ပွဲဟာ ဘယ်လိုပုံစံမျိုးနဲ့ ခမ်းနားကြီးကျယ်မလဲဆိုတာကို သိချင်နေကြတဲ့ ပရိသတ်တွေလည်း ရှိနေကြပါတယ်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။