ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Baifern နဲ့ တွေ့ဆုံချင်တယ်လို့ တရားဝင်ထုတ်ပြောလာတဲ့ ပိုင်တံခွန်

Posted on - Aug 7 []

Mia Zin

စာရေးသူ

လတ်တလော မြန်မာမိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကိုသာမက ထိုင်းမိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ကြိုက်နှစ်သက်အားပေးခြင်းကို ရရှိထားသူကတော့ နိုင်ငံကျော် မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေပြီး သြဂုတ်လ ၃ ရက်နေ့တုန်းကဆိုရင် Fan Meeting ပြုလုပ်ကာ ထိုင်းပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ သြဂုတ်လ ၇ ရက်နေ့မှာလည်း Asia Rising Star အခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေ၊ ထိုင်းမီဒီယာတွေနဲ့ တွေ့ဆုံကာ မေးခွန်းတွေကို ဖြေဆိုပေးခဲ့ပါတယ်။ ဒီလိုမျိုး မေးခွန်းတွေနဲ့ အဖြေတွေထဲမှာ ထိုင်းပရိသတ်တွေစိတ်ဝင်စားမှုမြင့်ခဲ့တဲ့ အမေးနဲ့အဖြေလေးတွေကို မိုမိုလေးရဲ့ ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

Reporter: မင်း ထိုင်းမိန်းကလေးတွေကို သဘောကျလား။

Paing: ထိုင်းမိန်းကလေးတွေက ချစ်စရာကောင်းပါတယ်။

Reporter: မင်းကြိုက်တဲ့ မိန်းကလေးပုံစံကရော???

Paing: ကျွန်တော့်ရဲ့ အလုပ်သဘောအရ ချောမောလှပတဲ့မိန်းကလေးတွေအများကြီးနဲ့ တွေ့ဆုံခဲ့ပေမယ့်လည်း ဒါက ဒီလိုပုံစံမျိုးတွေကို ကြိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်အတွက်တော့ လှပခြင်းဆိုတာ အဲ့သလောက်အရေးကြီးတာမျိုးတော့မဟုတ်ပါဘူး။ သူမ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်းအဆင်ပြေမယ်ဆိုရင် ကျွန်တော်အဆင်ပြေပါတယ်။

Reporter: မင်း တွေ့ချင်တဲ့ ထိုင်းမိန်းကလေးတစ်ယောက်ကို ကျေးဇူးပြုပြီးရွေးချယ်ပေးပါ။ ပြီးတော့ မင်း သူ့ကို ဘာပြောချင်လဲ။

Paing: ကျွန်တော်တွေ့ချင်တဲ့သူကတော့ Baiferm Pimchanok ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမက ချစ်ဖို့ကောင်းတယ်။ ဆွဲဆောင်မှုရှိတယ်။ သရုပ်ဆောင်ကောင်းတယ်လေ။ ထိုင်းပရိသတ်တွေနဲ့လည်း တွေ့ချင်ပါတယ်။

ဒီအမေးအဖြေတွေကို ကြည့်ခြင်းအားဖြင့် ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Baiferm Pimchanok ကို တွေ့ချင်တယ်ဆိုတဲ့အကြောင်းကို အင်တာဗျူးကနေတဆင့် တရားဝင်ထုတ်ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ သူ့အနေနဲ့ မင်းသမီး Baiferm Pimchanok ကို ကြိုက်နှစ်သက်တယ်ဆိုတာကို ပရိသတ်တွေအနေနဲ့ သူ့ရဲ့ Phone Wallpaper ကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်ပါနော်။

Baifern ဟာဆိုရင် 'Crazy Little Thing Called Love' ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကိုရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်ကစတင်ကာ အနုပညာနယ်ပယ်ထဲကို ၀င်ရောက်လာခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ သရုပ်ဆောင်၊ မော်ဒယ်လ်အဖြစ်နဲ့ လှုပ်ရှားလျှက်ရှိသူတစ်ယောက်ပါ။

ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံကို ရောက်ရှိနေခိုက်မှာ သူကြိုက်နှစ်သက်တဲ့ ထိုင်းမင်းသမီးလေး Baifern နဲ့ တွေ့ဆုံခွင့်ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။