အသက် ၂၀ ကွာကြတဲ့ Jerry Yan နဲ့ ShenYue တို့ရဲ့တရုတ်ဇာတ်လမ်းတွဲအသစ်

Posted on - Aug 8 []

Shoonie JiJi

စာရေးသူ

The Exchange Luck ဆိုတဲ့တရုတ်ဇာတ်လမ်းတွဲမှာ Jerry Yan နဲ့ShenYue တို့အတူတူပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။မင်းသားကြီး Jerry Yan ကတော့၂၀၀၁ ခုနှစ်တုန်းက Meteor Garden F4 မှာအဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ဇာတ်ကားများစွာရိုက်ကူးခဲ့ဖူးတဲ့ နာမည်ကြီးမင်းသားကြီးပဲဖြစ်ပါတယ်။ ShenYen ကတော့ A Love So Beautiful , ၂၀၁၈တုန်းကမှ ထုတ်လွှင့်သွားတဲ့ Meteor Garden တရုတ် F4 တို့နဲ့ ကျော်ကြားလာတဲ့တရုတ်မင်းသမီးပဲဖြစ်ပါတယ်။ နှစ်ယောက်စလုံးက နာမည်ကြီး F4 ဇာတ်လမ်းတွဲကို ရိုက်ကူးဖူးကြတာဖြစ်ပြီး The Exchange Luck ဇာတ်ကားမှာတော့အတူတူတွေ့ကြရတော့မှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ web novel ၀တ္တူကိုပြန်လည်အခြေခံရိုက်ကူးထားတာဖြစ်ပြီး ကံကောင်းပြီးမာနကြီးတဲ့အယ်ဒီတာနဲ့ ကံဆိုးပြီးငယ်ရွယ်တဲ့ဖက်ရှင်ဒီဇိုင်နာမလေးတို့ဟာ မတော်မဆနမ်းမိခဲ့ကြပြီး ကံတရားလဲသွားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ စုစုပေါင်း ၂၄ပိုင်းရှိပြီး ဘယ်အချိန်စတင်ထုတ်လွှင့်မလဲဆိုတာတော့ကြောငြာထားခြင်းမရှိသေးပါဘူး။ ဇာတ်လမ်းတွဲစတင်ရိုက်ကူးနေပြီဖြစ်တဲ့ပုံရိပ်များကိုတွေ့မြင်ရမှာပါ။

Jerry Yan က အသက် ၄၂ နှစ်ရှိနေပြီဖြစ်ပြီး ShenYue ကတော့ ၂၂ နှစ်ပဲရှိသေးတာဖြစ်ပါတယ်။Jarry Yan ရဲ့ နုနယ်တဲ့ရုပ်ရည်ကြောင့် အသက် ၂၀ လောက်ကွာနေပေမဲ့လည်း အရွယ်ကွာခြားမူကတော့သိသာမယ်မထင်ပါဘူး။ နှစ်ယောက်အတူတူဘယ်လိုတွေရိုမန့်တစ်ဆန်ကြဦးမလဲဆိုတာ ပရိတ်သတ်ကြီးကလည်း စိတ်ဝင်စားစွာစောင့်နေကြပြီဖြစ်ပါတယ်။

Winkie (Momolay)
Ref: Mydramalist

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။