အသက် ၁၆ နှစ်မပြည့်ခင်မှာပဲ ပွဲဦးထွက်ခွင့်ရခဲ့ကြတဲ့ နာမည်ကြီး ထိပ်တန်း Idol များ

Posted on - Nov 5 []

Mia Zin

စာရေးသူ

လက်ရှိမှာ အောင်မြင်နေကြတဲ့ Idol တွေထဲမှာမှ အခုဖော်ပြပေးချင်တဲ့ Idol တွေကတော့ ဆယ်ကျော်သက်အရွယ် (အသက် ၁၆ နှစ်မပြည့်ခင်) ကတည်းက စတင်ပွဲထွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့တွေဟာ ချစ်စရာကောင်းတဲ့ဆယ်ကျော်သက်လေးတွေအဖြစ်ကနေ ဆွဲဆောင်မှုအားကောင်းတဲ့ လူငယ်တွေအဖြစ်ကို ရောက်ရှိလို့နေကြပါပြီ။ ပရိသတ်တွေကတော့ ဒီ Idol တွေဟာ မျက်စိအရှေ့မှာတင် အရွယ်ရောက်ပြောင်းလဲလာကြတယ်လို့ ဆိုထားကြပါတယ်။ ဒီလိုဆိုရင် ပရိသတ်တွေရဲ့မျက်စိအရှေ့မှာတင် အရွယ်ရောက်လာကြတဲ့ Idol တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Jungkook (BTS)

အရည်အချင်းတွေပြည့်ဝတဲ့ Idol တစ်ယောက်ဖြစ်တဲ့ BTS ရဲ့ Golden Maknae လေး Jungkook တစ်ယောက် ပွဲထွက်ချိန်တုန်းဆိုရင် သူ့ရဲ့အသက်ဟာ ၁၅ နှစ်မျှသာပဲရှိသေးတာ ဖြစ်ပါတယ်။

2. Jisung (NCT)

ပွဲထွက်သက်တမ်း ၂ နှစ်မျှသာရှိသေးတဲ့ Jisung ကတော့ ၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့တာ့ဖြစ်ပြီး ပွဲထွက်ချိန်မှာတော့ သူ့ရဲ့ အသက်က ၁၄ နှစ်ပဲရှိသေးတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ အသက် ၁၇ အရွယ်ကိုရောက်နေပြီဖြစ်ပါတယ်။

3. BoA

တခြားသော သက်တူရွယ်တူတွေက ပညာသင်ကြားရင်း သူငယ်ချင်းတွေနဲ့ ပျော်ပါးနေချိနှ်မှာတော့ BoA ဟာ သူမရဲ့ အနုပညာလမ်းကြောင်းကိုစတင်လျှောက်လှမ်းပြီး ကိုယ်ပိုင်ဝင်ငွေတွေကို ရှာဖွေရရှိနေပြီဖြစ်ပါတယ်။ သူမစတင်ပွဲထွက်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းကဆိုရင် သူမရဲ့ အသက်ဟာ ၁၃ နှစ်မျှသာရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။

4. Taemin (SHINee)

အဆိုရော၊ အကပါ ပြီးပြည့်စုံတဲ့ SHINee အဖွဲ့ဝင် Taemin ကတော့ ပွဲထွက်ချိန်တုန်းက သူ့ရဲ့ အသက်ဟာ ၁၄ နှစ်သာရှိသေးတာဖြစ်ပါတယ်။

5. IU

အဆိုတော်မလေး IU ကတော့ Idol အဖြစ် ပွဲထွက်ဖို့အတွက် ၁၀ လမျှပဲ သင်တန်းယူခဲ့ပြီးနောက် ပွဲထွက်ချိန်မှာတော့ သူမရဲ့ အသက်ဟာ ၁၆ နှစ်ပဲ ရှိပါသေးတယ်။

6. Suzy

အသက် ၁၆ နှစ်အရွယ်မှာပဲ Idol အဖြစ်နဲ့ ပွဲထွက်ခဲ့သူနောက်တစ်ယောက်ကတော့ Miss A ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Suzy ပဲ ဖြစ်ပါတယ်။

7. Choi Minhwan (FTISLAND)

အသက် ၁၆ နှစ်ဆိုတာက K-pop လောကမှာ ပွဲထွက်ဖို့အတွက် အသင့်တော်ဆုံးဖြစ်ပုံပါပဲ။ FTISLAND ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Choi Minhwan ဟာဆိုရင်လည်း ပွဲထွက်ချိန်တုန်းက အသက် ၁၆ နှစ်ပဲရှိသေးတာ ဖြစ်ပါတယ်။

8. Changmin (TVXQ)

လက်ရှိမှာ ထိပ်တန်း Idol တစ်ယောက်အဖြစ် ရပ်တည်အောင်မြင်နေတဲ့ Changmin ဆိုရင်လည်း ပွဲထွက်ချိန်တုန်းက အသက် ၁၆ နှစ်တောင် မပြည့်သေးပါဘူး။

9. Sulli (former f(x) member)

ကွယ်လွန်သွားပြီဖြစ်တဲ့ f(x) ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Sulli ကတော့ f(x) အဖွဲ့နဲ့ပွဲထွက်ချိန်တုန်းက သူမရဲ့ အသက်ဟာ ၁၅ နှစ်အရွယ်ပဲ ရှိခဲ့သေးတာဖြစ်ပါတယ်။

10. Jiyoung (former KARA member)

KARA ရဲ့ အဖွဲ့ဟောင်းဖြစ်သူ Jiyoung တစ်ယောက် KARA နဲ့ ပွဲထွက်ချိန်တုန်းဆိုရင် သူမရဲ့အသက်ဟာ ၁၄ နှစ်မျှသာပဲရှိသေးတာ ဖြစ်ပါတယ်။

11. Seungri (former BIGBANG member)

BIGBANG ရဲ့ အဖွဲ့ဝင်ဖြစ်သူ Seungri ဟာဆိုရင်လည်း အသက် ၁၅ နှစ်နဲ့ ပွဲထွက်ခဲ့သူဖြစ်ပြီး နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ အောင်မြင်တဲ့ Idol တစ်ယောက်အဖြစ်နဲ့ ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။

12. Minzy (former 2NE1 member)

2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Minzy ဟာဆိုရင်လည်း အသက် ၁၅ နှစ်အရွယ်ကတည်းက အနုပညာလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့သူ Idol တစ်ယောက်ဖြစ်ပါတယ်။

13. Tzuyu and Chaeyoung (TWICE)

TWICE ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်လေး ၂ ယောက်ဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ်ကတည်းက ပွဲထွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

14. Sohyun (former 4MINUTE member)

4MINUTE ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sohyun ကတော့ သူမ 4MINUTE ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ပွဲထွက်ချိန်တုန်းက အသက် ၁၅ နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် Sohyun ဟာ 4MINUTE ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ ပထမဆုံးပွဲထွက်ခဲ့တာမဟုတ်ပဲ တကယ်တမ်း သူမအရင်ဆုံးပွဲထွက်ခဲ့တာက Orange အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ သူမရဲ့ အသက်ဟာ ၁၂ နှစ်ပဲရှိသေးတယ်လို့ သိရပါတယ်။

15. Sohee (former Wonder Girls member)

Wonder Girls ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Sohee ကတော့ JYP Entertainment ကို သင်တန်းသူတစ်ယောက်အဖြစ်နဲ့ ၀င်ရောက်ခဲ့ချိန်တုန်းက အသက် ၁၂ နှစ်အရွယ်ပဲရှိသေးခဲ့တာဖြစ်ပြီး ၁၄ နှစ်အရွယ်မှာတော့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

16. Krystal [f(x)]

f(x) ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Krystal ကတော့ စတင်ပွဲထွက်ချိန်မှာ အသက် ၁၄ နှစ်အရွယ်သာရှိသေးတာ ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။