ရည်းစားအယောက် ၂၂၀ ထားပြီးနောက်ဆုံးမှာတော့ကိုယ်ပိုင်ခွေးနဲ့ပဲ လက်ထက်ခဲ့တဲ့နိုင်ငံခြားမော်ဒယ်

Posted on - Aug 9 []

Shoonie JiJi

စာရေးသူ

ရေကူးဝတ်စုံမော်ဒယ်ဖြစ်တဲ့ Elizabeth Hoad ဟာအချစ်ရေးမှာ ကံမကောင်းခဲ့ပါဘူး။သူမရဲ့အမြဲထာဝရအတွက်လက်တွဲဖော်ကိုရှာမတွေ့ခင်မှာ ယောကျာ်းအယောက် ၂၂၀ နဲ့ တွဲခဲ့ဖူးတာပဲဖြစ်ပါတယ်။နာမည်ကြီးတွေ တချို့နဲ့လည်းတွဲဖူးတာဖြစ်ပေမဲ့လည်း ဒီရည်းစားတွေထဲမှာလက်တွဲဖော်ကိုရှာမတွေ့ခဲ့ပါဘူး။

သူမရဲ့အသက် ၄၉ နှစ်မှာတော့ လက်ထက်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့အချစ်စစ်ကတော့ တခြားသူမဟုတ်ပဲ သူမရဲ့ကိုယ်ပိုင်ခွေးလေး Logan ပဲဖြစ်ပါတယ်။သူမခွေးလေးနဲ့လက်ထက်ပွဲဟာ တခြားလက်ထက်ပွဲတွေလိုပဲအစစ်အမှန်ဖြစ်ပါတယ်လို့ဆိုပါတယ်။ Elizabeth Hoad ဟာ အဖြူရောင်သတို့သမီးဝတ်စုံကိုဝတ်ဆင်ထားခဲ့ပါတယ်။ သူမရဲ့လက်ထက်ပွဲကို တီဗီထုတ်လွှင့်ခဲ့တာလည်းဖြစ်ပါတယ်။

၈ နှစ်အတွင်း ရည်းစားရှာပေးတဲ့ဆိုဒ် ၆ ခုတွေမှာ အခါ ၂၂၀ ချိန်းတွေ့ခဲ့ဖူးပေမဲ့ ဒုက္ခသာဖြစ်ခဲ့ပါတယ်။ အဲ့အစား ခွေးလေး Logan ကိုသာ လက်ထက်လိုက်တာပိုကောင်းပါတယ်ဆိုပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။

Winkie (Momolay)
Ref: No one care

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။