Bisexual ဖြစ်ကြောင်းဝန်ခံလိုက်ပြီး ရည်းစားကိုပါချပြခဲ့တဲ့ ကိုရီးယားအနှပညာရှင်မိန်းကလေး

Posted on - Aug 10 []

Shoonie JiJi

စာရေးသူ

Idol School ပြိုင်ပွဲဝင်ဟောင်းဖြစ်သူ Som Hyein ဟာဆိုရင် သူမဟာ Bisexual ယောကျာ်းမိန်းမနှစ်ခုလုံးကို စိတ်ဝင်စားသူတစ်ဦးဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။Som Hein ဟာချစ်သူကောင်မလေးကို ပထမဆုံးအနေနဲ့ လူထုဆီတရားဝင်အသိပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ကိုရီးယားအနှပညာရှင် Som Hein  (Som Hyein)  ကတော့ Mnet က ပြုလုပ်တဲ့ Idol School ဆိုတဲ့ ပြိုင်ပွဲဝင်ပြီးအနိုင်ရရှိသူကို ပွဲဦးထုတ်ပေးတဲ့ပွဲမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ကိုယ်အလေးချိန်တွေကျဆင်းခဲ့ပြီး စိတ်ကျရောဂါ စိုးရိမ်ပူပန်မှုတွေစတဲ့ကျန်းမာရေးအခြေအနေပြသနာတွေကြောင့် ပြိုင်ပွဲကထွက်ခွာခဲ့ပါတယ်။ နောက်ဆုံး rank နေရာ ကတော့ ၂၉ ပါ။

ဩဂုတ်လ ၉ရက်နေ့မှာတော့ Som Hein ဟာ
သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ချစ်သူကောင်မလေးနဲ့ပုံကို ပထမဆုံးတင်ခဲ့တာပဲဖြစ်ပါတယ်။ တခြားသိချင်နေကြတဲ့ ပရိတ်သတ်တွေအတွက် Instagram Story မှာ ပရိတ်သတ်တွေမေးတဲ့မေးခွန်းတွေကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

Som Hein နဲ့ ချစ်သူကောင်မလေးရဲ့ ရည်းစားသက်တမ်းက တစ်နှစ်မပြည့်သေးပါဘူးလို့ သိရပါတယ်။ ပရိတ်သတ်တစ်ယောက်က "ဘာလို့အဲ့လောက်တောင်လှနေတာလဲ"မေးတော့
ပရိတ်သတ်တွေရဲ့အချစ်နဲ့ ချစ်သူကောင်မလေးအချစ်ကြောင့်ပါဆိုပြီး နောက်ထပ်ပုံတစ်ပုံကိုတင်ခဲ့ပါတယ်။သူမ ချစ်သူကောင်မလေးနာမည်ဟာ Eunbi ဖြစ်ပြီး ဆံပင်အတိုနဲ့လို့သိရပါတယ်။

Som Hein ဟာ lesbian မဟုတ်ပဲ Bisexual လို့ ပြန်ည်ဖြေခဲ့ပါသေးတယ်။သူမချစ်သူနဲ့လည်း အရမ်းကိုပျော်ရွှင်နေတယ်လို့လည်းသိရပါတယ်။ သူမရဲ့ လိင်စိတ်ဝင်စားမှုအကြောင်းကို တရားဝင်ချပြနိုင်တဲ့ သတ္တိဟာ တခြားသူတွေကိုလည်း အားပေးမှုတွေဖြစ်စေခဲ့ပါတယ်။ သူမရဲ့ချစ်သူကတော့ သာမန်အလုပ်လုပ်တာဖြစ်တဲ့အတွက် ဒါကိုသတိထားဂရုစိုက်တယ်လို့ပြောပါတယ်။

သူမရဲ့ထွက်ရှိလာမယ့် အယ်လ်ဘမ်အတွက်လည်း ကြိုးစားနေတာဖြစ်ပြီး ပွဲဦးထွက်တုန်းကထက် ပိုကောင်းလာစေရမယ်လို့ ကတိပေးခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် အယ်ဘမ်ထဲမှာလည်း LGBT ကိုအားပေးမှုဖြစ်စေမဲ့ သီချင်းကိုပြုလုပ်ဖို့လည်းကြိုးစားနေပါတယ်တဲ့။

Som Hein ဟာ ချစ်ရတဲ့သူကိုသတ္တိရှိရှိထုတ်ပြနိုင်ပြီး LGBT အတွက်လည်း အားပေးစကားတွေ ပြောသွားပါတယ်။
" အခုလို လူထုကိုအသိပေးလိုက်ရလို့ ငါပျော်တယ်၊ ငါကိုယ်ငါနဲ့ ငါချစ်ရတဲ့သူ့ကို ဖုံးကွယ်ထားစရာမလိုတော့ဘူး၊ အခုထိကန့်သတ်ချကိတွေရှိနေကြသေးတယ် တချို့တွေက Homo နဲ့ Bi ကိုမုန်းနိုင်ကောင်းမုန်းနိုင်လိမ့်မယ် ဒါပေမဲ့ လူတွေရဲ့အတွေးနဲ့အကြိုက်တွေကကွဲပြားကြတယ်။
တူညီတဲ့လိင်ကိုချစ်မိတာ အမှားမှမဟုတ်ပဲ အဲ့လို့ဖြစ်နေတဲ့ ငါကိုယ်ငါလည်းချစ်တယ်။ လူတချို့က ဒါကို မကြိုက်ကြဘူး ဆိုးဆိုးဝါးဝါးပြောနိုင်ကောင်းပြောလိမ့်မယ်
အဲ့အတွက်ငါလုပ်နိုင်တာဘာမှမရှိဘူး ငါကငါပါပဲ အခုငါပျော်တယ်၊ တခြားလူတွေက ငါ့ကိုငြင်းနိုင်တယ် ဒါပေမဲ့ မင်းကိုယ်မင်းတော့မငြင်းဆိုပါနဲ့ " လို့ဆိုပြီး LGBT ပရိတ်သတ်အတွက် သူမရဲ့အတွေ့အကြုံအားပေးမှုတွေပေးခဲ့ပါတယ်။

Winkie (Momolay)
Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။