အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လူလိမ်မကြီး နဲ့ဆုံတွေ့ဖူးကြောင်းပြောပြလာတဲ့ အဆိုတော် ဇော် နဲ့ အားလျန်

Posted on - Aug 10 []

May Phyo

စာရေးသူ

ယခုရက်ပိုင်းအတွင်း အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လူလိမ်မကြီးတစ်ယောက်ရဲ့အကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် ဇော်နဲ့ အားလျန် တို့က သူတို့ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကို ပရိသတ်ကြီးကို ဓါတ်ပုံတွေ ဗီဒီယို သက်သေတွေနဲ့ အတူပြောပြခဲ့ပါတယ်။ သူတို့ နှစ်ယောက်က အိမ်မက်ဆုံရာ Season (9) မှာ ပါဝင်ယှဉ်ပြိုင်ရင်း ပရိသတ်တွေ သိရှိခဲ့ကြတဲ့ အနုပညာရှင်တွေဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးက winner မဖြစ်ခဲ့ကြပေမယ့် အားပေးတဲ့ ပရိသတ်တော့ အခိုင်အမာ ရရှိခဲ့ကြတာဖြစ်ပြီး သူတွေပါ။ ပြိုင်ပွဲပြီးနောက် သီချင်းတွေ လုပ်ကိုင်နေရင်းလဲ ဆက်လက်အောင်မြင်မှုတွေကို ဖမ်းဆုတ်နိုင်ဖို့ ကြိုးစားနေကြတာလဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ သူတို့နှစ်ဦးဟာ ထူးဆန်းစွာနဲ့ တူညီတဲ့ ငွေလိမ်ညာခံရမှုကြီးကို ကြုံတွေ့ခဲ့ရကြောင်းပြောပြ လာခဲ့ပါတယ်။ ဒီကိစ္စကိုစတင်ပြီး ဝေမျှခဲ့သူကတော့ ဇော် ပါ။ သူကတော့ အဆိုပါလိမ်ညာနေတဲ့ မိန်းမကြီးရဲ့ လိမ်ညာမှုကို ၂ကြိမ်တိုင်တိုင် ခံခဲ့ရတာဖြစ်လို့ ဗီဒီယိုသက်သေနဲ့ အတူတူ ပူးတွဲ ဝေမျှပေးလိုက်တာ ဖြစ်ပါတယ်။ အားလျန်ကလဲ သူလဲ အဲ့ဒီ အမျိုးသမီးရဲ့ လိမ်ညာတာကို ခံခဲ့ရကြောင်း ပုံလေးနဲ့ အတူးရေးသားဖော်ပြခဲ့ပါတယ်။

ဇော် ပြောပြခဲ့တာကတော့ “ လူလိမ်မကြီး နောက်တစ်အိမ်ကို လိုက်လိမ်ဖို့ ကြိုးစားနေတဲ့ CCTV မှတ်တမ်း video ပါ သူများအိမ်တံခါးကို အတင်းတွန်းဖွင့်ရဲတာ တော်တော်ကို လက်ယဉ်နေပါပြီ သူ ထီးအမြဲ ကိုင်တာက ပစ္စည်းမြင်ရင်လှမ်း ချိတ်ယူတတ်တယ် Ph တွေ အနီးအနား မြင်ရင် ထီးထဲ ထည့်သွားတတ်တယ်လို့ ခံရဖူးသူတွေ မန့်ထားတာ တွေ့ပါတယ် ၁ရက်နေ့ကလည်း သမိုင်းမှာ လာသွားတာ ဒီအဝတ်အစားနဲ့ ပါပဲ ကျနော့ဆီ ၂ခါတောင် လာလိမ်တာပါ ။ နောက်တစ်ခါ လာထပ်လိမ်တာက ၄ ရက်နေ့ပါ ဒီအင်္ကျီနဲ့ ဒီထီး နဲ့ပါပဲ”

“ နောက်တစ်ခါ ထပ်လာလိမ်တဲ့ လူလိမ်မကြီးပါ ဒီတခါတော့ Video ရိုက်ထားလိုက်လို့ အတင်းပြေးဆင်းသွားပါတော့တယ် တိုက်ခန်းတွေကို ပစ်မှတ်ထား လိုက်လိမ်နေတာပါ ။ အဝတ်လိုက်လျှော်တယ် လို့ ပြောပါတယ်။ ကလေးကလည်း ဟယ်လ်ပင်ဆေးရုံမှာ တင်ထားရလို့ ဆေးဝယ်ဖို့ ငွေလိုနေလို့ခု ဘေးခန်းကိုအဝတ်လျှော်ခလာတောင်းတာ မရလို့ဆိုပြီးဆေးစာရွက် ထုတ်ပြပါတယ်။ ဆေးစာရွက်သာ ပြောတာပါ ဆေးရုံတံဆိပ် ဘာညာ ဘာမှမပါဘူး မှတ်မိ သလောက် နှာခေါင်းစည်းရယ် ဂလူးကို့စ်ရယ် ကျန်တဲ့ ဆေး၂မျိုးရယ် စုစုပေါင်း ၄ မျိုးပါပဲ အကုန်မြန်မာစာ လိုရေးထားတယ်”

“ဘယ်ဆေးရုံမှ ဆရာဝန်က ဝယ်ရမယ့်ဆေးကို မြန်မာစာလုံးပေါင်းနဲ့ ရေးမပေးတာဆေးရုံတက်ဖူးသူတိုင်း သိကြပါလိမ့်မယ် အာ့အချိန်တော့ ကိုယ်လဲ ဒါကိုမစဉ်းစားမိဘူး သူက ခု ဆေးဝယ်ဖို့ ငွေလိုနေလို့ ကျနော့ကငွေ စိုက်ပေးလိုက်ဖို့ ပြီးရင် ဘေးခန်းက လူတွေဆီက ပြန်တောင်းယူဖို့ ပြောပါတယ် ။ကိုယ်လဲ ဆေးရုံတက်ဖူးတော့ ကိုယ်ချင်းစာလို့လိုအပ်တဲ့ငွေကို ကူညီပေးလိုက်ပါတယ်။ ဘေးခန်းက လူတွေပြန်လာမှ မေးကြည့်တော့သူတို့က အဝတ်ကို ကိုယ်တိုင်လျှော်တာပါတဲ့ တစ်ခါမှ လူငှားမလျှော်ဖူးဘူးဆိုပြီးပြောပါတယ်”

“ အာ့ခါကျမှ ဒါလိမ်နည်းတစ်မျိုးပါလားဆိုပြီး သိလိုက်လို့ Fb ပေါ်တောင်တင်လိုက်သေးတယ်။ အာ့တုန်းက တကယ်ထင်ပြီး ပေးလိုက်တော့ စာသားချည်းသက်သက် တင်လိုက်မိတယ်။ သူ့ပုံကို မရိုက်ထားမိလိုက်ဘူး ခုလည်း မမှတ်မိ လောက်ဘူးထင်ပြီး ဒီအတိုင်းပဲ လာထပ်လိမ်တယ်။ လိမ်တဲ့အိမ်တွေ များနေလို့ အိမ်တွေကိုမမှတ်မိတာ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရင်ပုံစံ အတိုင်းပဲ ပြောလိမ်တာပါ ကျနော်က သူ့ကို မှတ်မိနေလို့ ရဲတိုင်မယ်ဆိုမှ ပြေးဆင်းသွားပါတယ်။ လူတွေရဲ့ သနားစိတ်ကို ခုတုံးလုပ်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လိမ်နေတာပါ မမှတ်မိလောက်ဘူး ထင်ပြီး ထပ်လာလိမ်တာပါ တခါပဲ ရမယ် လူလိမ်အန်တီရေ ငွေလေး 6000 နဲ့ဆိုပြီး လာမပြောပါနဲ့ တစ်အိမ်ထဲ လိုက်လိမ်မယ်မထင်လေနဲ့ အိမ်ပေါက်စေ့ လိုက်လိမ်နေမှာဆိုတော့ တစ်အိမ် 6000 နဲ့ တနေကုန်ဆို တွက်သာကြည့် ဘယ်လောက်တွက်ခြေကိုက်လို့ ရှာမစားဘဲ အမြဲ လိမ်စားနေတယ်ဆိုတာ အသိသာကြီးပါ ငိုမဲ့မဲ့ အမူအရာနဲ့ အိုက်တင်ကျွမ်းပါသေးတယ် ။ သနားမိလို့ကတော့ ပါပြီသာမှတ် တစ်ခါလာလိမ်တာ ခံပေးလိုက်မယ် နောက်တခါလာလိမ်တာမျိုးကတော့ ကျွန်တော်လုံးဝ သည်းမခံနိုင်ဘူး”

“ ဒီ Post အောက်က မန့်တွေမှာလည်း cctv သက်သေနဲ့တကွ သူလိုက်လိမ်ဖူးတဲ့ နေရာစုံက လူတွေအများကြီး မန့်ထားကြပါတယ် ။ တော်တော်များများ ခံရဖူးကြပါတယ် ။ အမေချင်း ကိုယ်ချင်းစာကြည့်ပါ ဘာညာတော့ နားလာမချကြနဲ့နော် မရှိလို့ တောင်းစားနေသူတွေကို သနားပေမယ့် ခြေတွေ လက်တွေ အကောင်းရှိပါလျက်နဲ့ ဒါမျိုး အထပ်ထပ်အခါခါ လိုက်လိမ်ပြီး လုပ်စားနေသူတွေကိုတော့ မစာနာတတ်လို့ပါ ။ မန့်မှာ သိပ်စာနာပြနေသူတွေ ကိုယ့်အလှည့်ကျမှ သဒ္ဓါပေါက်စွာ များများစားစား လှူလိုက်ကြပါ စာနာတိုင်းလဲ မကောင်းဘူးဆိုတာ ကိုယ်တွေ့ကြုံဖူးမှ သိကြတာပါ လူတွေ သတိပြုမိအောင်တော့ တင်မှဖြစ်မှာမို့ တင်လိုက်တာပါ” လို့လဲ နောက်လူတွေ မခံရအောင် ရေးသားဖော်ပြလာပါတယ်။

အဲ့ဒီနောက် အားလျံကလဲ သူခံခဲ့ရတဲ့ အကြောင်းကို “ နာမည်ကြီးနေတဲ့ အန်တီကြီးနဲ့😂😂😂 ကိုယ်တွေအိမ်ကိုတော့ April ၁၈ ကလာသွားတာ။ အိမ်ရှေ့မှာလပ်ဝါး ကားတိုင်/ကျမ်းချက်တွေတွေ့လို့ထင်ပါရဲ့ သားတို့အိမ်ကခရစ်ရှန်လား အမိုးကခရစ်ရှန်လူမျိုးပါ သားလေးကဆေးရုံတက်နေရတာ ငွေလိုလို့ပါဘာညာ ဆိုပြီးစထည့်တော့တာပဲ။ ကိုယ်ကလည်း သိပ်အယုံ မလွယ်ရှာဘူးလေ။နေပျါစပေါ ၁သောငိး၂သောင်းကူညီလိုက်တာဘားမဖြစ်ပါဘူး သူညာလည်း သူ့ထိုက်နဲ့သူပေါ့။ အာ့နဲ့ အန်တီဘာလူမျိုးလဲမေးလိုက်တာ ခရစ်ရှန်လူမျိုး မဟုတ်ဘူးလေ ဘာသာမေးတာမဟုတ်ဘူး လူမျိုးမေးတာဆိုတာလည်းမရ ဇွတိခစ်ရှန်နေတော့တာ။ ခရစ်ယာန်က လူမျိုးမှမဟုတ်တာကိုနော။ အဲ့တာနဲ့သူ့ကလေးဆေးရုံတက်နေတဲ့ နေရာကိုလိုက်ခဲ့ပြီးကူညီပါရစေလို့ပြော တာကိုဘယ် လိုမှမရတော ပြောင်တောင်ပြောနဲ့ ပြေးပါလေရော”

“ ပထမပိုင်းပိုက်ဆံပေးခါနီး လိုလိုမယ်မယ်ဆိုတဲ့အတွေးနဲ့ Selfieလေး ဘယ်လိုပြောပြီးဆွဲလိုက်မိလည်းကိုမသိ😂 ယူတို့ကွီးက မလည်ပေမယ့် ပေါ့သေးသေးတော့မထင်လိုက်လေနဲ့ ခေတော့မခေဘူးဆိုတဲ့ သဘောပါ့နော။ ခုမသူ့အကြောင်းစုံVideoတွေတက်လာလို့အများသတိထားရအောင်တင်လိုက်ခြင်းဖြစ်ပါတယ်။ ပုံလေးကApril၁၈ တုန်းကပါ။ အဲ့ကတည်းကတင်မယ်တွေးမိပေမယ့် မသေချာမရေရာတဖက်သူကိုစွဆ်စွဲသဘို ထိခိုက်လိုစိတ်မရှိတာကြောင့်မတင်ခဲ့တာပါ။ ခုမှVideo fileတွေတွေ့တွေ့နေရလို့ သတိထားမိပြီး သေချာလို့ကျနော်လည်း အတွေ့ကြုံလေးကိုSharingလုပ်ရင်း သတိပေးခြင်းဖြစ်ပါတယ်။✌️🙏” ဆိုပြီးလဲ ပုံနဲ့ အတူ သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

ဇော့် ဆီ ဒုတိယအကြိမ် လာလိမ်တဲ့ ဗီဒီယို

တခြားတိုက်ခန်းတစ်ခု သွားလိမ်တဲ့ ဗီဒီယို

ယခုနောက်ပိုင်းဖြစ်ပေါ်နေတဲ့ လိမ်ညာမှုတွေက တကယ့်ကို ကျည်းတန် လှပါတယ်။ တိုက်ခန်းနေပြည်သူ တွေအတွက် သတိထားစရာ ကိစ္စဖြစ်လို့ အချင်းချင်းမျှဝေရင်းသတိပေးသွားကြပါဦးနော်။ ဖတ်ရှုပေးတဲ့ မိုမိုလေးပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။


May Phyo(MML)
Source – Zaw, Ah liang

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။