James Jirayu နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး (၈) လက်

Posted on - Aug 11 []

Mia Zin

စာရေးသူ

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ James Jirayu ဟာဆိုရင် အနုပညာနယ်ပယ်ထဲကိုရောက်ရှိတာ (၆) နှစ်မျှသာပဲရှိသေးပေမယ့်လည်း နာမည်ကြီးဇာတ်လမ်းတွဲပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ထိပ်တန်းမင်းသမီးတွေအများအပြားနဲ့ တွဲဖက်ရိုက်ကူးခဲ့ကြသူဖြစ်ပါတယ်။ ဒီလိုမျိုးရိုက်ကူးမှုတွေထဲကမှ James Jirayu နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင်မင်းသမီး (၈) လက်ကို ဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Bella Ranee

ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Bella Ranee ကတော့ James Jirayu နဲ့အတူ ပထမဆုံးတွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ၂၀၁၃ ခုနှစ်တုန်းက ‘Suparburoot Jutathep: Khun Chai Puttipat’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူတွဲဖက်ပါဝင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာတော့ ‘Padiwarada’ (သစ္စာရှင်ဇနီးသည်) ဇာတ်လမ်းတွဲမှာ ပြန်လည်ဆုံတွေ့ခဲ့ပြီး သရုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Krong Karm ဇာတ်လမ်းတွဲမှာ တတိယအကြိမ်မြောက် ထပ်မံဆုံတွေ့ခဲ့ကြကာ ဒီဇာတ်လမ်းတွဲထဲမှာတော့ မောင်နှမတွေအဖြစ်နဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

2. Punch Worakarn

အဆိုတော်နဲ့ မင်းသမီးဖြစ်တဲ့ Punch Worakarn နဲ့ကတော့ ၂၀၁၃ ခုနှစ်တုန်းက ‘Ruk Sutrit' ဆိုတဲ့ ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

3. Toey Jarinporn

ပရိသတ်တွေနဲ့ မစိမ်းတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ Toey Jarinporn နဲ့ကတော့ ၂၀၁၄ ခုနှစ်တုန်းက ‘Timeline’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

4. Yaya Urassaya

၂၀၁၅ ခုနှစ်မှာတော့ မြန်မာပရိသတ်တွေရဲ့ အချစ်တော် ထိုင်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Yaya Urassaya နဲ့အတုတွဲဖက်ကာ ‘Neung Nai Suang’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ပါတယ်။

5. Kimmy Kimberley Anne Voltmeas

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Kimmy Kimberley Anne Voltmeas နဲ့ကတော့ ၂၀၁၇ ခုနှစ်တုန်းက ‘Buang Hong' ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ပါတယ်။

6. Taew Natapohn

James နဲ့ အတွဲများပြီး လိုက်ဖက်ညီတဲ့မင်းသမီးက Bella Ranee သာမကပဲ မင်းသမီး Taew Natapohn လည်းပါဝင်ပါတယ်။ James နဲ့ Taew တို့ဟာ ၂၀၁၈ ခုနှစ်တုန်းက ‘Neung Dao Fah Diew’ နဲ့ ‘Game Sanaeha’ ဇာတ်လမ်းတွဲတွေမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အခု ၂၀၁၉ ခုနှစ်မှာလည်း ‘Leh Bunpakarn’ ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ရိုက်ကူးထားကြပါသေးတယ်။

7. Yiiiwha Preeyakarn

မင်းသမီး Yiiiwha Preeyakarn နဲ့ကတော့ ‘Krong Karm’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

8. Ice Preechaya

လက်ရှိမှာတော့ James ဟာ ‘Payakorn Sorn Ruk' ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ မင်းသမီး Ice Preechaya နဲ့အတူ တွဲဖက်သရုပ်ဆောင်လျှက်ရှိပါတယ်။

Ref : Thai Update
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။