အထက်တန်းကျောင်းသားဘ၀အရွယ်ကတည်းက ချောမောကြည့်ကောင်းကြတဲ့ ထိပ်တန်းမင်းသားများ

Posted on - Oct 10 []

Mia Zin

စာရေးသူ

တကယ်လို့များ သင်ကြိုက်နှစ်သက်တဲ့ ကိုရီးယားသရုပ်ဆောင်တစ်ယောက်ဟာ ငယ်စဉ်အရွယ်ကတည်းက ကြည့်ကောင်းချောမောတဲ့သူလားဆိုတာကို သိချင်ရင်တော့ သူတို့တွေရဲ့ အထက်တန်းကျောင်းသားဘ၀တုန်းက ပုံတွေကို ပြန်လည်ရှာဖွေကြည့်လိုက်ရင် တွေ့နိုင်ပါတယ်။ အခုတင်ဆက်ဖော်ပြပေးမယ့်သူတွေကတော့ အထက်တန်းကျောင်းသားဘ၀အရွယ်ကတည်းက ချောမောကြည့်ကောင်းကြတယ်လို့ အွန်လိုင်းအသုံးပြုသူကိုရီးယားလူမျိုးတွေက သတ်မှတ်ထားကြတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Yoo Seung Ho

ကလေးသရုပ်ဆောင်အဖြစ်နဲ့ အောင်မြင်လူကြိုက်များခဲ့တဲ့ Yoo Seung Ho ကတော့ ဒီနေ့အချိန်ထိ ရုပ်ရည်ပြောင်းလဲခြင်းအလျဉ်းမရှိတာကို တွေ့ရမှာပါ။

2. Kang Ha Neul, Kim Soo Hyun

နာမည်ကြီးမင်းသား ၂ ယောက်ဖြစ်တဲ့ Kang Ha Neul နဲ့ Kim Soo Hyun တို့ဟာလည်း အထက်တန်းကျောင်းသားဘ၀ကတည်းက ကြည့်ကောင်းချောမောသူတွေဖြစ်ကြပါတယ်။

3. Ryu Joon Yeol, Park Bo Gum

ပရိသတ်တွေနဲ့ မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ryu Joon Yeol နဲ့ Park Bo Gum တို့ ၂ ယောက်ဟာဆိုရင်လည်း ငယ်စဉ်အရွယ်ကတည်းက ကြည့်ကောင်းသူတွေဖြစ်ကြပြီး Park Bo Gum ဆိုရင် ဒီနေ့အချိန်ပြောင်းလဲခြင်းမရှိဘူးလို့တောင် ဆိုလို့ရပါတယ်။

4. Park Seo Joon, Seo Kang Joon

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားတွေဖြစ်ကြတဲ့ Park Seo Joon နဲ့ Seo Kang Joon တို့ကတော့ ကျောင်းနေအရွယ်ကတည်းက ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်ခဲ့မယ့်ပုံပါပဲ။

5. Song Joong Ki, Yoo Ah In

Song Joong Ki နဲ့ Yoo Ah In တို့ ၂ ယောက်ဟာဆိုရင်လည်းပဲ ငယ်စဉ်ကျောင်းနေအရွယ်ကတည်းက ချောမောကြည့်ကောင်းသူတွေဖြစ်ကြပါတယ်။ အထူးသဖြင့် Song Joong Ki ရဲ့ မျက်နှာဆိုရင် ဒီနေ့အချိန်ထိ ကြီးကြီးမားမားပြောင်းလဲခြင်းတောင် မရှိပါဘူး။

6. Lee Jae Hoon, Lee Jong Suk

Lee Jae Hoon နဲ့ Lee Jong Suk တို့ရဲ့ ငယ်စဉ်တုန်းကပုံရိပ်နဲ့ လက်ရှိပုံရိပ်တို့ဟာဆိုရင်လည်း အထွေအထူးပြောင်းလဲခြင်းမရှိပါဘူး။

7. Lee Jin Wook, Jung Il Woo

ကျောင်းတက်တဲ့အချိန်ကတည်းက ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်မယ့်ရုပ်ရည်မ်ျိုးကို ပိုင်ဆိုင်ထားသူနောက်ထပ် မင်းသား ၂ လက်ကတော့ Lee Jin Wook နဲ့ Jung Il Woo တို့ ဖြစ်ပါတယ်။

8. Joo Won, Lee Min Ho

လက်ရှိ တောင်ကိုရီးယားအနုပညာလောကရဲ့ နာမည်ကျော်ထိပ်တန်းမင်းသား ၂ လက်ဖြစ်တဲ့ Joo Won နဲ့ Lee Min Ho တို့ရဲ့ အထက်တန်းကျောင်းသားဘ၀တုန်းက ပုံရိပ်တွေဟာလည်း ပရိသတ်တွေကို စိတ်ကျေနပ်မှုရစေပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။