လူတစ်ယောက်ကို မြင်မြင်ချင်း လွယ်လွယ်နဲ့ ချစ်မိတတ်တယ်လို့ ၀န်ခံထားကြတဲ့ Idol (၅) ယောက်

Posted on - Oct 10 []

Mia Zin

စာရေးသူ

လူတစ်ယောက်ကို မြင်မြင်ချင်းနဲ့ လွယ်လင့်တကူချစ်မိဖို့ဆိုတာက ဖြစ်နိုင်တယ်ဆိုပေမယ့်လည်း ရှိတော့ရှိတယ် ရှားတယ်ဆိုသလိုမျိုးပါပဲ။ အချိန်အတော်ကြာ ရင်းနှီးကြပြီးတော့မှ တစ်ယောက်အကြောင်းတစ်ယောက် သိကာ အချစ်စိတ်တွေပေါက်ဖွားတာမျိုးတွေရှိသလို စတင်မြင်လိုက်တာနဲ့ ချစ်စိတ်တွေပေါ်ပေါက်လာတာမျိုးတွေလည်း ရှိပါတယ်။ အခုတင်ဆက်ဖော်ပြပေးမယ့် အနုပညာရှင် Idol (၅) ယောက်ကတော့ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြည်ထားကြပြီး သူတို့တွေကိုယ်တိုင်လည်း လူတစ်ယောက်ကို မြင်မြင်ချင်း လွယ်လွယ်နဲ့ချစ်မိတတ်ကြတယ်လို့ ၀န်ခံထားကြသူတွေဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. BLACKPINK's Jennie

Jennie ဟာ ၂၀၁၇ ခုနှစ်တုန်းက Knowing Brothers အစီအစဉ်ကို BLACKPINK အဖွဲ့ဝင်တွေနဲ့အတူ လာရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Jennie က Min Kyunghoon သူမရဲ့ပါတနာအဖြစ် ရွေးချယ်ခဲ့ပြီး ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းကတော့ သူမနဲ့ Min Kyunghoon တို့ ၂ ယောက်ဟာ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြည်ကြတာချင်းတူညီကြတာကြောင့်ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

2. IU

အဆိုတော်မလေး IU ကတော့ "လူတစ်ယောက်က ကျွန်မကို ချစ်တယ်လို့ပြောပြီဆိုရင် သူဟာ ကျွန်မနဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ကို ၈၀ ရာခိုင်နှုန်းလောက် သေချာသွားပြီပဲ" လို့ပြောခဲ့ဖူးပါတယ်။ တစ်ခါတုန်းက ရေဒီယိုအစီအစဉ်တစ်ခုမှာလည်း "ဒီလိုပုံစံမျိုးက နည်းနည်းတော့အန္တရာယ်ရှိတယ်ဆိုတာကို ကျွန်မသိပေမယ့်လည်း ကျွန်မက လွယ်လွယ်နဲ့ချစ်မိတတ်တဲ့သူမျိုးပါ" လို့ဆိုကာ သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ပြောခဲ့ပါတယ်။

3. Davichi's Kang Minkyung

Davichi အဖွဲ့ဝင် Kang Minkyung ကလည်း သူမဟာ လွယ်လွယ်နဲ့ ချစ်တတ်သူဖြစ်တယ်ဆိုတာကို 'Radio Star' အစီအစဉ်မှာ ပြောခဲ့ဖူးပါတယ်။

4. Jeon Somin

မင်းသမီး Jeon Somin ဟာဆိုရင်လည်း သူမဟာ လူတစ်ယောက်ကို လွယ်လင့်တကူနဲ့ ချစ်မိတတ်သူဖြစ်တယ်လို့ Running Man အစီအစဉ်မှာ ပြောခဲ့ဖူးပါတယ်။

5. Kian84

နာမည်ကြီးကာတွန်းဆရာတစ်ယောက်ဖြစ်တဲ့ Kian84 ကတော့ စတိုးဆိုင်တစ်ဆိုင်က အချိန်ပိုင်းဝန်ထမ်းမိန်းကလေးကို မြင်မြင်ချင်းသဘောကျမိတာကြောင့် ကော်ဖီဝယ်တိုက်ခဲ့ဖုကြောင်း ပြောခဲ့ဖူးပါတယ်။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။