ကွာရှင်းလိုက်ကြပြီဖြစ်တဲ့ Miley Cyrus နဲ့ Liam Hemsworth

Posted on - Aug 11 []

Shoonie JiJi

စာရေးသူ

Miley နဲ့ Liam တို့ဟာ ဒီဇင်ဘာ ၂၀၁၈ တုန်းက လက်ထက်ခဲ့ကြပြီး ၁ နှစ်မပြည့်ခင်မှာတင်ကွာရှင်းဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ Miley နဲ့ Liam တို့ လင်မယားသက်တမ်းကတော့ ၈ လသာခံခဲ့ပေမယ့် ၁၀ နှစ်ကျော်ကြာတွဲခဲ့ကြတဲ့သူတွေပါ။အခုအခါမှာတော့ Miley နဲ့ Liam တို့ဟာ သူတို့နှစ်ယောက် ဆက်ဆံရေးကိုအဆုံးသတ်ဖို့ သဘောတူလိုက်ကြပါတယ်။

Miley ရှေ့နေဘက်က ပြောပြချက်ကတော့ သူတို့ကိုယ်တိုင်နဲ့ အလုပ်ကိုပဲ အာရုံစိုက်ချင်တဲ့အတွက် ဒီလိုဆုံးဖြတ်လိုက်တာအကောင်းဆုံးပဲဖြစ်ပါတယ်လို့ ဆိုပါတယ် ။ ဒီလိုခွဲခဲ့ရပေမဲ့ သူတို့ရဲ့ တိရစ္ဆာန်လေးတွေအတွက်တော့ မိဘအနေနဲ့ပဲ ဆက်ရှိနေကြမှာပါ။ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်ရေးကိုယ်တာကို လေးစားပေးကြပါလို့ပြောပါတယ် ။

မနေ့က Miley အင်စတာဂရမ်မှာတင်တဲ့ ပုံမှာ လက်စွပ်မရှိတော့တာကို fan တွေက သတိထားမိခဲ့ကြပါတယ်။ Miley နဲ့ Kaitlynn Carter အတူ အီတလီမှာ ခရီးထွက်နေကြတာဖြစ်ပြီး နမ်းနေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။
သူတို့နှစ်ယောက်ဟာ နှစ်အကြာကြီးခင်လာကြတဲ့ သူငယ်ချင်းတွေလို့လည်းသိရပါတယ်။ Kaitlynn Carter ကလည်း
ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းထားတာပဲဖြစ်ပါတယ်။

Miley နဲ့ Liam ဟာ အားလုံးကြည့်ဖူးကြမှာဖြစ်တဲ့ ၂၀၁၀ ကထွက်ရှိခဲ့တဲ့ The Last Song ဇာတ်ကားမှာ တွေ့ပြီးကြိုက်ခဲ့ကြပါတယ်။ ၂၀၁၂ မှာတော့ စေ့စပ်ခဲ့ကြပြီး ၂၀၁၃ မှာလမ်းခွဲခဲ့ကြပါတယ်။ Miley က Liam နဲ့ လမ်းခွဲပြီးနောက်ပိုင်း အခြားတစ်ယောက်လို အများကြီးပြောင်းလဲသွားခဲ့တာ ပရိတ်သတ်ကြီးတို့ သိခဲ့ကြမှာပါ။ ၂၀၁၅ အကုန်မှာတော့ ပြန်လည်တွဲခဲ့ပါတယ်။ ၂၀၁၆ မှာ Miley ဟာ စေ့စပ်လက်စွပ်ကိုစတင်ဝတ်ဆင်ခဲ့ပြီး သူ့တို့တိရစ္ဆာန်လေးတွေနဲ့ အတူတူနေထိုင်ခဲ့ကြပါတယ်။ ၂၀၁၈ ဒီဇင်ဘာမှတော့ သူတို့နေအိမ်မှာပဲလက်ထပ်ပွဲကို
ကျင်းပခဲ့ပါတယ်။

သူတို့နှစ်ယောက်ကြား အဆင်မပြေမှုကိုဘာလက္ခဏာမှ
မပြခဲ့ပေမယ့် Miley အင်စတာဂရမ်မှာ Liam နဲ့အတူ တင်တာတွေနည်းသွားခဲ့ပါတယ်။ ဇွန်လမှာတော့ ဘာ စာသားမှမပါပဲ ဒီအတိုင်းပုံကိုသာတင်ခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်ကွဲသွားပြီဆိုတဲ့သတင်းတွေထွက်လာခဲ့ပေမယ့် ဇွနွ ၁၁ ရက်နေ့မှာတော့ Miley က Liam နဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အတွက် ပုံနဲ့အတူစာကိုပါ တင်ခဲ့ပါသေးတယ်။

အခု ဩဂုတ်လမှာတော့ သူတို့နှစ်ယောက်ဟာ ကွဲသွားပြီလို့ကြေငြာလိုက်တာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးအတွက်စိတ်မကောင်းစရာပါပဲ အရင်ကလိုပြန်လည်အဆင်ပြေသွားကြဖို့ မျှော်လင့်ပါတယ်။

Winkie (Momolay)
Ref: Hollywood life 

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။