ထိုင်းနဲ့ ဥရောပသွေးရောနှောထားတဲ့ နာမည်ကြီး ထိုင်းသရုပ်ဆောင်မင်းသမီးများ
Mia Zin
စာရေးသူ
ထိုင်းအနုပညာလောကရဲ့ အောင်မြင်စွာကျင်လည်လှုပ်ရှားနေကြတဲ့သူတွေထဲမှာ ထိုင်းလူမျိုးစစ်စစ်တွေလည်းပါဝင်သလို ထိုင်းသွေးတစ်ဝက်၊ လူမျိုးခြားသွေးတစ်ဝက်ရောနှောပါဝင်နေကြတဲ့သူတွေလည်းရှိနေပါတယ်။ အဲဒီလိုသူတွေများစွာထဲကမှ အခုတင်ဆက်ဖော်ပြပေးချင်တာကတော့ ထိုင်းသွေးတစ်ဝက်၊ ဥရောပသွေးတစ်ဝက်ရောနှောထားကြတဲ့ နာမည်ကြီး ထိုင်းသရုပ်ဆောင်မင်းသမီးတွေပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။
Yaya Urassaya

အသက် ၂၆ နှစ်အရွယ် မင်းသမီး Yaya Urassaya ကတော့ ထိုင်းနဲ့ နော်ဝေးသွေးရောနှောထားသူဖြစ်ပြီး ၂၀၀၈ ခုနှစ်ကစတင်လို့ အနုပညာလောကထဲကို ၀င်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ထိုင်းနိုင်ငံအတွင်းမှာသာမက အာရှနိုင်ငံအတော်များများမှာပါ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ ထိုင်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။
Bella Ranee

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ နောက်ထပ်နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Bella Ranee ကတော့ ထိုင်းနဲ့ ဗြိတိန်သွေးရောနှောထားတဲ့ ကပြားမလေးတစ်ယောက်ဖြစ်ပြီး အခုဆိုရင်တော့ သူမရဲ့ အသက်ဟာ ၂၉ နှစ်ရှိနေပါပြီ။ သူမရဲ့ အနုပညာသက်တမ်းကတော့ (၈) နှစ်ရှိနေပြီလို့ သိရပါတယ်။
Mai Davika

Mai Davika ကလည်း မြန်မာပရိသတ်တွေရဲ့ အချစ်တော်ထိုင်းသရုပ်ဆောင် မင်းသမီးလေးဖြစ်ပါတယ်။ သူမကတော့ ထိုင်းနဲ့ ဘယ်လ်ဂျီယံသွေးနှောထားသူဖြစ်ပြီး အနုပညာလောကထဲကိုတော့ ၂၀၁၀ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။
Kimmy Kimberley

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Kimmy Kimberley ကတော့ ၂၀၀၉ ခုနှစ်ကစတင်ကာ အနုပညာနယ်ပယ်ထဲကိုဝင်ရောက်ခဲ့တာဖြစ်ပြီး ထိုင်းနဲ့ ဂျာမန်သွေးနှောထားတဲ့ ကပြားတစ်ယောက်ဖြစ်ပါတယ်။
Chompoo Araya

ထိုင်းနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးကြီးဖြစ်တဲ့ Chompoo Araya ကတော့ ထိုင်းနဲ့ ဗြိတိန်သွေးနှောထားတာဖြစ်ပြီး အခုဆိုရင်တော့ သူမရဲ့ အသက်ဟာ ၃၈ နှစ်ရှိနေပြီဖြစ်ပါတယ်။
Rita Sririta

အသက် ၃၈ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ မော်ဒယ်၊ မင်းသမီး Rita Sririta ကတော့ ထိုင်းသွေးနဲ့ ဒိန်းမက်သွေးနှောထားသူတစ်ယောက်ဖြစ်ကာ နောက်နှစ်ထဲမှာတော့ သူမရဲ့ ချစ်သူ လုပ်ငန်းရှင်သူဌေးနဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
Poo Priya

အနောက်တိုင်းဆန်တဲ့ မျက်နှာကိုပိုင်ဆိုင်ထားသူ အသက် ၃၈ နှစ်အရွယ် မော်ဒယ်နဲ့ မင်းသမီး Poo Priya ကတော့ ထိုင်းနဲ့ ဆွီဒင်သွေးနှောထားသူဖြစ်ပြီး သူမကလည်း မကြာခင်မှာ သူမရဲ့ ချစ်သူနဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
Ref : Thai Update
Mia (Momolay)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပရိသတ်တွေ လုံးဝမကြားချင်တဲ့ စကားတစ်ခွန်းကို ၀မ်းနည်းဖွယ် ပြောချလိုက်တဲ့ မက်ဆီ
Dec 4 2019 (22054 views)

ထိုင်းနိုင်ငံ Kanchanaburi ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းတင်ထိန်းသိမ်းခြင်းခံရတဲ့ ပိုင်တံခွန်ရဲ့ လက်ဗွေရာ
Dec 3 2019 (31036 views)

ကမ်းခြေမှာ အပန်းဖြေနေတဲ့ မေကဗျာ ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်များ
Dec 3 2019 (25746 views)

မန်ယူအသင်း အနိုင်ရသွားခဲ့တဲ့ အဓိကအကြောင်းရင်းကို မကွယ်မ၀ှက် ထုတ်ဖော်ပြောကြားလိုက်တဲ့ မော်ရင်ညို
Dec 5 2019 (9241 views)

အရှိန်လွန်ပြီး မော်ရင်ညိုရဲ့ အောက်ခြေပိုင်းကို ၀င်တိုက်မိခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကြောင့် ပရိသတ်တွေ ပွဲကျ
Dec 5 2019 (17685 views)

နည်းပြရာထူးနဲ့ ပတ်သက်ပြီး ကြားရသူတိုင်း လုံး၀၀မ်းနည်းသွားစေမယ့် စကားဆိုလိုက်တဲ့ ဆိုးလ်ရှား
Dec 4 2019 (11948 views)

ချွဲလွန်းတဲ့ ချစ်ဇနီးကို လက်ပါမိသွားတဲ့အကြောင်း အရွှန်းဖောက်ပြောလာတဲ့ ရွှေထူး
Dec 4 2019 (19667 views)

ချစ်သူ မြန်မာမလေးကို ဘယ်လောက်ချစ်ကြောင်း ထုတ်ပြောလာတဲ့ ဂျာမနီနိုင်ငံသားလေး Mikis Weber
Dec 4 2019 (12046 views)