မော်ဒယ်ကောင်လေးချောချောလေးနဲ့ Romantic ဆန်ဆန် ရိုက်ကူးထားတဲ့ နေခြည်ဦးရဲ့ ကြော်ငြာအသစ်

Posted on - Aug 12 []

Rowena

စာရေးသူ

ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့ မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလဲ နှစ်သက်အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦး ဖြစ်လို့နေပါပြီ။

နေခြည်ဦးက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးပေးနေရတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက ဒီတစ်ခေါက်မှာလည်း OMG Sportswear Myanmar အတွက် ကောင်လေးချောချောလေးတစ်ယောက်နဲ့ Couple Goal ပုံစံမျိုး ရိုက်ကူးပေးထားတာကို တွေ့ရပါတယ်။

မိုမိုလေးပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ကြော်ငြာအသစ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

နေခြည်ဦးကတော့ အခုဆိုရင် ဝါရင့်သရုပ်ဆောင်တစ်ဦးလို သရုပ်ဆောင်ကောင်းလာတာကို တွေ့ရပါတယ်။ မိုမိုလေး ပရိသတ်တွေလည်း ဒီကြော်ငြာလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: The Street Sensei

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။