အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ နေမာကို ဖုန်းခေါ်ပြီး အရေးကြီးစကားတစ်ခွန်းဆိုခဲ့တဲ့ မက်ဆီ

Posted on - Aug 13 []

Gunner Ksr

စာရေးသူ

ဘရာဇီးတိုက်စစ်မှူးနေမာရဲ့ အပြောင်းအရွှေ့ဟာ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်သထက် မြင့်လာခဲ့ပါပြီ။ အပြောင်းအရွှေ့ကာလပြီးဆုံးဖို့ကလည်း တဖြည်းဖြည်းနဲ့ နီးစပ်လာနေလို့ နေမာဟာ အသင်းပြောင်းရွှေ့ဖို့အရေး အားစိုက်လုပ်ဆောင်နေတယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ လက်ရှိအနေအထားတွေအရတော့ နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဘယ်လိုမှ ဆက်နေဖို့ မသင့်တော်တော့တဲ့ အခြေအနေလို့ပဲ ဆိုရမှာပါ။

နေမာဟာ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ လာလီဂါထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်လျက်ရှိနေတာပါ။

ဒီအခြေအနေမှာ နေမာရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီက နေမာကို ဖုန်းခေါ်ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အရေးကြီးစကားတစ်ခွန်းပြောဆိုခဲ့ပါတယ်။ အခါးသီးဆုံးပြိုင်ဘက် ရီးရဲကို မပြောင်းရွှေ့ပဲ ဘာစီလိုနာပဲ ဆိုက်ဆိုက်ရောက်ရောက် လာဖို့အတွက် မက်ဆီက နေမာကို ဖုန်းခေါ်ပြီး ပြောဆိုခဲ့တာပါ။ မက်ဆီဟာ ဒီအပြောင်းအရွှေ့မှာ အရေးကြီးတဲ့အခန်းကနေ ပါဝင်နေပြီး နှစ်ဖက်စလုံးကို ကြားကန ညှိနှိုင်းပေးနေရသူပါ။

မက်ဆီနဲ့ နေမာဟာ အလွန်ရင်းနှီးကြတဲ့ ဆက်ဆံရေးရှိသူတွေဖြစ်ပြီး မက်ဆီဟာ နေမာအနေနဲ့ ဘာစီလိုနာကို ပြန်လာဖို့ စိတ်အားထက်သန်လျက်ရှိနေပါတယ်။ မက်ဆီအနေနဲ့ နေမာကို အရမခေါ်ပေးရင် စာချုပ်သက်တမ်းမတိုးဘူးလို့ အသင်းကိုခြိမ်းခြောက်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် နေမာဟာ မက်ဆီရဲ့စကားကိုနားထောင်ပြီး ဘာစီလိုနာကိုပဲ ပြောင်းရွှေ့လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ လက်ရှိအခြေအနေအရလည်း နေမာဟာ အသင်းဟောင်းဘာစီလိုနာကိုပဲ ပြန်လည်ပြောင်းရွှေ့ဖို့ အလားအလာများနေတာကို တွေ့ရပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ထုံးစံအတိုင်း အပြောင်းအရွှေ့ပိတ်ကားပေါ်မှာပဲ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဥရောပဘောလုံးဇာတ်ခုံပေါ်မှာ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ MSN တိုက်စစ်တွဲလုံးကို ပြန်လည်မြင်တွေ့ရမယ်ဆိုရင် ခင်ဗျားရဲ့ရင်ခုန်သံ ဘယ်လောက်အထိမြန်ဆန်နေမလဲဆိုတာ ၀င်ရောက်ရင်ဖွင့်သွားခဲ့ပါဦး။

MSN တိုက်စစ်တွဲလုံးရဲ့စွမ်းဆောင်ရည်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။