မိုးပြည့်ပြည့်မောင် နဲ့ သူမ၏မိခင် မောင်းနင်လာသောကား ရှေ့ဘီးပေါက်၍ ယာဉ်တိုက်မှုဖြစ်ပွား

Posted on - Aug 13 []

Moe Kalay

စာရေးသူ

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မိုးပြည့်ပြည့်မောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ အမာခံ ပရိသတ်တွေပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်တွေအတွက် မိုးပြည့်ပြည့်မောင် ရဲ့ ယာဉ်မတော်တဆ ဖြစ်ပွားတဲ့ သတင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် မိုးပြည့်ပြည့်မောင် နဲ့ မိခင်ဖြစ်သူ မောင်းနက်လာတဲ့ ကားဟာဆိုရင် အုတ်ဖိုမြို့နယ် ရန်ကုန်+ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၁၄ လမ်းချော်ဧရိယာအတွင်းကားရဲ့ ရှေ့ဘီးပေါက်ပြီး လမ်းဘေးသစ်ပင်အား တိုက်မိမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ယာဉ်မတော်တဆဖြစ်ပွားခဲ့ပေမယ့် မိုးပြည့်ပြည့်မောင် နဲ့ သူမမိခင် တို့က ထိခိုက်ဒဏ်ရာမရှိခဲ့ပါဘူး။မောင်းနင်းလာတဲ့ ကားကတော့ ခေါင်းပိုင်းကြေညက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆဖြစ်ပွားခဲ့တဲ့ မိုးပြည့်ပြည့်မောင် တို့ရဲ့ ပုံရိပ်များ

သရုပ်ဆောင် မိုးပြည့်ပြည့်မောင် နဲ့ မိခင်ဖြစ်သူ မောင်းနက်လာတဲ့ ကားမတော်တဆဖြစ်ပွားခဲ့တဲ့အကြောင်းကို ပရိသတ်တွေတွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;လင်းသစ်မာန်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။