ကိုရီးယားမိန်းကလေးတစ်ယောက်နဲ့ ဒိတ်နေတယ်လို့ သတင်းထွက်နေတဲ့ EXO အဖွဲ့ဝင်ဟောင်း Tao

Posted on - Aug 13 []

Mia Zin

စာရေးသူ

EXO ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Tao ဟာဆိုရင် EXO အဖွဲ့ကနေထွက်ပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံမှာပဲ Huang Zi Tao ဆိုတဲ့နာမည်နဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေ ပြုလုပ်နေခဲ့သူဖြစ်ပါတယ်။ စတင်ပွဲထွက်ချိန်ကနေ ဒီနေ့အချိန်ထိတိုင်အောင် ချစ်သူရည်းစားနဲ့ ပတ်သတ်ပြီး သတင်းသဲ့သဲ့မျှထွက်ခဲ့ခြင်းမရှိတဲ့ Tao ဟာ အခုဆိုရင်တော့ ဒိတ်တင်းသတင်းထွက်ရှိလာပြီဖြစ်ပါတယ်။

တရုတ်သတင်းမီဒီယာတွေကတော့ Tao ဟာ ချောမောလှပတဲ့ သူ့ချစ်သူကောင်မလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဒိတ်နေကြတာကို တွေ့ရှိခဲ့တယ်လို့ဖော်ပြထားကြပြီး ထွက်ရှိလာတဲ့ပုံတွေအရဆိုရင်တော့ Tao နဲ့ သူ့ရဲ့ ချစ်သူကောင်မလေးတို့ဟာ ညစာစားရင်း ချိန်းတွေ့နေကြတာဖြစ်မယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါ့အပြင် တစ်ယောက်ကိုတစ်ယောက် လက်ချင်းဆုပ်ကိုင်ပြီး လမ်းလျှောက်နေတာတွေ၊ အချင်းချင်း အစားအသောက်ခွံ့ကျွေးနေတာတွေကိုလည်း တွေ့ခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။

နောက်ထပ်ထုတ်ပြန်လာတာတဲ့ သတင်းတွေမှာဆိုရင်တော့ Tao ရဲ့ ချစ်သူမိန်းကလေးဟာ Miss Kim လို့အမည်ရတဲ့ ကိုရီးယားလူမျိုးမိန်းကလေးဖြစ်တယ်လို့ ဖော်ပြထားပြီး သူမဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာပြုလုပ်ခဲ့တဲ့ Tao ရဲ့ Concert ကိုလည်း တက်ရောက်ခဲ့ကာ ဂျပန်နိုင်ငံကိုလည်း Tao နဲ့အတူတူသွားခဲ့ဖူးတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

သူတို့ချစ်သူ ၂ ဦးမှာ စုံတွဲပစ္စည်းတွေရှိကြောင်းကိုလည်း လူမှုကွန်ယက်အကောင့်တွေကနေတဆင့် သိရတယ်လို့ ပရိသတ်တချို့က ဆိုထားကြပြီး တချို့တွေကတော့ ထွက်ရှိလာတဲ့သတင်းတွေနဲ့ ပတ်သတ်ကာ တကယ်ပဲဟုတ်မှန်သလား၊ မမှန်ဘူးလားဆိုတာကို အဖြေရှာလျှက်ရှိကြပါတယ်။

လက်ရှိအချိန်ထိတော့ Tao ရဲ့ စတူဒီယိုကနေ မည်သည့်ဖြေရှင်းချက်၊ အတည်ပြုချက်ကိုမျှ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ Tao ရဲ့ အမာခံပရိသတ်အချို့ကတော့ ဒီသတင်းကအမှန်လို့ အတည်ပြုခဲ့ရင်လည်း လက်ခံပေးထားဖို့အတွက် အဆင်သင့်ပြင်ထားကြတယ်လို့ ဆိုကြပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။