ဆပ်ပြာကြော်ငြာတွေမှာ ရေချိုးဇလုံနဲ့ ရိုးလို့ ဒီတိုင်းချိုးပြီး ရိုက်ခဲ့တာ ဆိုတဲ့ သင်ဇာဝင့်ကျော်

Posted on - Aug 13 []

May Phyo

စာရေးသူ

ပရိသတ်တွေကြားမှာ အဝတ်မပါတဲ့ သင်ဇာဝင့်ကျော်ရဲ့ ရေချိုးနေတဲ့ ပုံတွေကြောင့် ဟေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။ သူမက ရေချိုးဆပ်ပြာ ကြော်ငြာတစ်ခုအတွက် စီးပွားရေးအရ ရိုက်ကူးခဲ့တာဖြစ်ပြီး အဓိကနေရာတွေမပါဘဲ ကြောပြင်ကြီးဘဲ မြင်ရတာမို့ ဘာမှမဖြစ်လောက်ပါဘူးလို့လဲ သူမကပြောခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ဟာ sexy မော်ဒယ်အဖြစ်ရပ်တည်နေပြီး အမိုက်စားပွဲတက်ဖက်ရှင်တွေနဲ့ တနေ့ထက်တစ်နေ့ သာလို့ လှပနေပါတယ်။

သူမက ရေချိုးပုံတွေ ရိုက်ကူးဖြစ်တာနဲ့ပတ်သက်ပြီး '' ဆပ်ပြာသွင်းတဲ့ အမက ရေချိုးဆပ်ပြာ ကြော်ငြာဖြစ်လို့ ရေချိုးနေတဲ့ပုံပါကိုပါရမယ် လို့ အကူညီတောင်းတော့ ဒါကသင်ဇာ့ စီပွားရေးမို့ စီးပွားရေး အရ ရိုက်ပေးဖြစ်တာပါ။ အဓိကနေရာတွေမပေါ်ဘဲ ရိုက်ထားတာပါ ဘာမှမဖြစ်လောက်ပါဘူး လို့လေ နောက်ပြီးရေချိုးဆပ်ပြာ ကြော်ငြာ တွေက ဆပ်ပြာမြှုပ်တွေနဲ့ ရေဇလုံထဲမှာ ကြော်ငြာတာ ရိုးနေပြီ အာ့ကြောင့် ဒီတိုင်းချိုးနေတဲ့ ပုံလေးကို ရိုက်ကူးဖြစ်ခဲ့တာပါ '' လို့ လဲ ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် သူမကဒီပုံကို သူမကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး ဓါတ်ပုံဆရာနဲ့ရိုက်ကူးထားတာမဟုတ်ဘူးလို့လဲ ပြောပြခဲ့ပါတယ်။

သင်ဇာ့ကိုချစ်တဲ့ပရိသတ်ကြီးအတွက် ဒီအကြောင်းအရာလေးကို ရေးသားဖော်ပြလိုက်ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိပါတယ်

May Phyo(MML)
Source - momolay tv
photo - Amazing Grace

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။