ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်ခဲ့ဖူးတဲ့ ကိုရီးယားအနုပညာရှင်များ
Mia Zin
စာရေးသူ
ဆံပင်ကျွတ်တယ်ဆိုတာက လူတိုင်းဖြစ်နေကျအရာတစ်ခုဖြစ်တယ်ဆိုသော်ငြားလည်း နေ့တိုင်း ဆံပင်တွေအများကြီးကျွတ်တယ်ဆိုရင်တော့ ထိပ်ပြောင်ပြီးကြည့်ရဆိုးလာပါတယ်။ ဒီလိုကျွတ်တာမျိုးကလည်း အကြောင်းအရင်းတွေများစွာကြောင့်ဖြစ်ပြီး အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ အသက်အရွယ်ကြီးရင့်လာခြင်း၊ အလွန်အမင်းဝိတ်ချခြင်းနဲ့ စိတ်ဖိစီးမှုတွေခံစားရတာကြောင့်ပဲ ဖြစ်ပါတယ်။ အခုတင်ဆက်ဖော်ပြပေးချင်တာကတော့ ဒီလိုမျိုးအကြောင်းအရင်းတွေကြောင့် ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်ခဲ့ဖူးကြတဲ့ ကိုရီးယားအနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။
1. Park Myung Soo

နာမည်ကြီး MC တစ်ယောက်ဖြစ်တဲ့ Park Myung Soo ကတော့ သူဟာ ဆံပင်တွေအမြောက်အများဆုံးရှုံးခဲ့တာကြောင့် ထိပ်ပြောင်ဖူးခဲ့ပြီး ဒါကိုဖုံးကွယ်ဖို့အတွက် ကုန်ပစ္စည်းတစ်မျိုးကို အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ဒီအကြောင်းအရင်းကို ဖော်ထုတ်ပြောခဲ့ပြီး အသုံးပြုခဲ့တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုလည်းပြောပြခဲ့တာကြောင့် ထိုအမှတ်တံဆိပ်ဟာ သူ့ရဲ့ ဖွင့်ဟချက်ကြောင့် အတော်လေးကို ရောင်းအားတက်သွားခဲ့ဖူးပါတယ်။
2. Kim Yong Man

ဟာသသရုပ်ဆောင် Kim Yong Man ဟာဆိုရင်လည်း Park Myung Soo လိုပဲ ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်ဖူးခဲ့ကြောင်းကို ၀န်ခံခဲ့ပါတယ်။
3. BTOB’s Peniel

BTOB ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Peniel ကတော့ ရောဂါဝေဒနာတစ်မျိုးကြောင့် ဆံပင်တွေဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
4. Lee Kyu Han

သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ Lee Kyu Han ဟာဆိုရင်လည်း ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်ခဲ့ဖူးတာကို ၂၀၁၄ ခုနှစ်တုန်းက လူသိရှင်ကြားထုတ်ပြောပြခဲ့ဖူးပါတယ်။
5. IU

IU ရဲ့ ဆံပင်ကျွတ်မှုကြီးကတော့ ကြောက်စရာ၊ လန့်စရာပါပဲ။ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာက ဘယ်လောက်တောင်များဆိုးရွားသလဲဆိုရင် ဦးရေပြားမှာ အကွက်လိုက်ကြီးဖြစ်ခဲ့ဖူးတယ်လို့ IU က သူမကိုယ်တိုင် ပြောပြခဲ့ဖူးပါတယ်။
6. Infinite’s Sungyeol

Infinite ရဲ့ Sungyeol ဟာဆိုရင်လည်း စိတ်ဖိစီးမှုတွေကြောင့် ဆံပင်တွေကျွတ်ခဲ့ဖူးတယ်လို့ ၂၀၁၄ ခုနှစ်တုန်းက ပြောပြခဲ့ပါတယ်။ အဲဒီလိုမျိုး ခံစားခဲ့ချိန်တုန်းက သူ့ရဲ့ အသက်ဟာ ၂၂ နှစ်သာရှိသေးပြီး စိတ်ဖိစီးရတဲ့အကြောင်းအရင်းကတော့ အလုပ်လက်မဲ့ဖြစ်နေခဲ့တာကြောင့်ပါပဲ။
7. Ha Yeon Soo

မင်းသမီး Ha Yeon Soo ကတော့ ဇာတ်လမ်းတွဲတစ်တွဲရိုက်ကူးပြီးတုန်းက ဆံပင်တွေအရမ်းကျွတ်ခဲ့ပြီး ထိပ်ပြောင်ခဲ့ဖူးတယ်လို့ သူမကိုယ်တိုင်ပြောပြခဲ့ဖူးပါတယ်။
Ref : Koreaboo
Mia (Momolay)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပရိသတ်တွေ လုံးဝမကြားချင်တဲ့ စကားတစ်ခွန်းကို ၀မ်းနည်းဖွယ် ပြောချလိုက်တဲ့ မက်ဆီ
Dec 4 2019 (23909 views)

မန်ယူအသင်း အနိုင်ရသွားခဲ့တဲ့ အဓိကအကြောင်းရင်းကို မကွယ်မ၀ှက် ထုတ်ဖော်ပြောကြားလိုက်တဲ့ မော်ရင်ညို
Dec 5 2019 (10476 views)

မွေးနေ့ညလေးမှာ မိသားစုတွေ စုံစုံလင်လင်နဲ့ မွေးနေ့ကိတ်ခွဲခဲ့တဲ့ သင်ဇာဝင့်ကျော်
Dec 5 2019 (10923 views)

အရှိန်လွန်ပြီး မော်ရင်ညိုရဲ့ အောက်ခြေပိုင်းကို ၀င်တိုက်မိခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကြောင့် ပရိသတ်တွေ ပွဲကျ
Dec 5 2019 (21131 views)

နည်းပြရာထူးနဲ့ ပတ်သက်ပြီး ကြားရသူတိုင်း လုံး၀၀မ်းနည်းသွားစေမယ့် စကားဆိုလိုက်တဲ့ ဆိုးလ်ရှား
Dec 4 2019 (12497 views)

ချွဲလွန်းတဲ့ ချစ်ဇနီးကို လက်ပါမိသွားတဲ့အကြောင်း အရွှန်းဖောက်ပြောလာတဲ့ ရွှေထူး
Dec 4 2019 (20894 views)

ချစ်သူ မြန်မာမလေးကို ဘယ်လောက်ချစ်ကြောင်း ထုတ်ပြောလာတဲ့ ဂျာမနီနိုင်ငံသားလေး Mikis Weber
Dec 4 2019 (12789 views)

စီရော်နယ်ဒိုကို တိုက်ခိုက်ခဲ့တဲ့ ဗန်ဒိုက်ခ်ျကို အချက်ကျကျ ပြန်ဆော်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့အစ်မ
Dec 4 2019 (9099 views)