ဂရင်းဝုဒ်ရဲ့လုပ်ရပ်တစ်ခုကို မကျေနပ်လို့ လေ့ကျင့်ကွင်းမှာ ဒေါသပေါက်ကွဲခဲ့တဲ့ ဆန်းချက်ဇ်

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

မန်ယူအသင်းတိုက်စစ်ကစာသးမားဆန်းချက်ဇ်နဲ့ လူငယ်ကြယ်ပွင့်ဂရင်းဝုဒ်တို့အကြား လေ့ကျင့်ရေးကွင်းမှာ အချင်းများခဲ့တယ်လို့ The Sun ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဆန်းချက်ဇ်ဟာ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆင်နွှဲထားခဲ့ရလို့ မန်ယူအသင်းနဲ့ ပူးပေါင်းချိန်နောက်ကျကာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆန်းချက်ဇ်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ ပြုလုပ်လျက်ရှိနေပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးကို (၄) ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် မန်ယူအသင်းဟာ ပုံမှန်အတိုင်းလေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။ အဲဒီမှာ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုမှာဂရင်းဝုဒ်ဟာ ဆန်းချက်ဇ်အပေါ် ဖျက်ထုတ်မှုကြမ်းတမ်းခဲ့တာပါ။

ဂရင်းဝုဒ်ရဲ့လုပ်ရပ်ကို ဆန်းချက်ဇ်က မကျေနပ်ဘဲ ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်ဟာ မန်ယူအသင်းရဲ့ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရပြီး ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားလဲပါဝင် ကစားခဲ့ရပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကတော့ ဆန်းချက်ဇ်ဟာ လာမယ့်ပွဲစဉ်အနည်းငယ်အထိ ပါဝင်ကစားနိုင်ဦးမှာမဟုတ်ပေကြောင်း၊ ဒါပေမဲ့ လူကာကူ ထွက်ခွာသွားခဲ့ခြင်းက ဆန်းချက်ဇ်အတွက် အခွင့်အရေး ရလာလိမ့်မှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြကစားနိုင်ခြင်းမရှိလို့ ပရိသတ်တွေရဲ့ အမြင်မကြည်မှုကို ခံနေရသူဖြစ်ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ အခုရာသီမှာ သူ့ရဲ့ပုံမှန်ခြေစွမ်းကောင်းတွေကို ပြသနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ
Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။