ဆာလတ်နဲ့ တန်းတူရင်ဘောင်တန်းပြီး ဘောလုံးဆော့ကစားပြခဲ့တဲ့ မသန်စွမ်းကလေးငယ်ရဲ့ ဂုဏ်ယူစရာမြင်ကွင်း

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

သူတို့တွေဟာ မသန်ပေမယ့် စွမ်းပါတယ်ဆိုတာ ဒီလုပ်ရပ်နဲ့ ထပ်မံသက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်မှူးဆာလတ်ဟာ ကမ္ဘာကျော်ဘောလုံးသမားအဖြစ် အောင်မြင်ကျော်ကြားနေပေမယ့် သူဟာ ပကာသနမဖက်၊ ၀င့်ကြွာခြင်းမရှိဘဲ အောက်ခြေမလွတ်တဲ့ ကစားသမားတစ်ယောက်ပါ။ ဆာလတ်ရဲ့မေတ္တာတရားဟာ နွေးထွေးပြီး သူ့ရဲ့စိတ်ထားကလည်း နူးညံ့ပျော့ပျောင်းလွန်းပါတယ်။

ငယ်စဉ်ကဘ၀က အိမ်ထဲဝင်ခိုးခဲ့တဲ့ သူခိုးကိုတောင် ဘာမှမလုပ်ဘဲ လမ်းစရိတ်ထုတ်ပေးခဲ့တဲ့အထိ ဆာလတ်ဟာ တစ်ဖက်သားအပေါ် ကြင်ကြင်နာနာ ဆက်ဆံတတ်သူပါ။ အထူးသဖြင့် ကလေးငယ်တွေအပေါ်မှာ ဆာလတ်ပိုပြီး ကြင်နာတတ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူ့ကိုတွေ့ချင်လို့ ကားနောက်ပြေးလိုက်လာတဲ့ကလေးငယ်ကို ဆာလတ်က နွေးနွေးထွေးထွေးဆက်ဆံခဲ့ပါသေးတယ်။ အခုအခါမှာလည်း ဆာလတ်က သူ့ရဲ့နွေးထွေးတဲ့မေတ္တာတရားကို ထပ်မံပြသခဲ့ပြန်ပါပြီ။

ဆာလတ်ဟာ ယူအီးအက်ဖ်အေဖောင်ဒေးရှင်းက မသန်စွမ်းကလေးငယ်နဲ့အတူ ဘောလုံးဆော့ကစားခဲ့တာဖြစ်ပါတယ်။ မသန်စွမ်းကလေးငယ်လေးဟာလည်း ဆာလတ်ရဲ့တန်းတူရင်ဘောတန်း ဆော့ကစားခဲ့တဲ့ပုံရိပ်တွေက ဂုဏ်ယူစရာမြင်ကွင်းတွေပါပဲ။

ဒီမြင်ကွင်းကို လီဗာပူးအသင်းက Twitter ပေါ်မှာ မျှဝေခဲ့ရာမှာတော့ အားလုံးအတွက် ကြည်နူးစရာဖြစ်ခဲ့ပြီး ဆာလတ်ရဲ့မေတ္တာတရားကို ချီးကျူးခဲ့သလို မသန်စွမ်းကလေးငယ်လေးအတွက်လည်း ဂုဏ်ယူခဲ့ကြပါတယ်။

ဆာလတ်နဲ့ မသန်စွမ်းကလေးငယ်တို့ ဘောလုံးဆော့ကစားနေတဲ့မြင်ကွင်း

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။