BLACKPINK အဖွဲ့ကို သည်းသည်းလှုပ်နှစ်သက်အားပေးကြတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံ

Posted on - Aug 14 []

Rowena

စာရေးသူ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အမျိုးသမီး Idol အဖွဲ့ဖြစ်တဲ့ BLACKPINK ကို အသေအလဲကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေဆိုတာ နိုင်ငံတကာမှာ အများအပြားပါ။ ဒါပေမယ့် အခုတင်ဆက်ဖော်ပြပေးမယ့် နိုင်ငံ (၁၀) နိုင်ငံကတော့ သူမတိုအဖွဲ့ကို သည်းသည်းလှုပ်ချစ်ခင်နှစ်သက်ပြီးအားပေးကြတဲ့ နိုင်ငံတွေရဲ့စာရင်းမှာ ထိပ်ဆုံး ၁၀ နိုင်ငံအဖြစ်နဲ့ ပါဝင်နေပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

10. Japan

BLACKPINK ဟာ ဂျပန်နိုင်ငံမှာ ၂၀၁၇ ခုနှစ်ကတည်းက ပွဲထွက်ခဲ့တာကြောင့် ဂျပန်ပရိသတ်တွေအနေနဲ့ သူမတို့အဖွဲ့ကို ထိုစဉ်အချိန်ကတည်းက ရင်းနှီးအားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမတို့အဖွဲ့ဟာ ဂျပန်မှာ Dome Tour ပြုလုပ်နိုင်တဲ့ ဒုတိယမြောက်မိန်းကလေး K-pop အဖွဲ့ဖြစ်ပြီး ဂျပန်ပရိသတ်တွေအနေနဲ့ သူမတို့အဖွဲ့ကို YouTube ကနေအားပေးတဲ့နှုန်းက တစ်လကို ကြည့်ရှုသူ ၉.၃၉ သန်းရှိတယ်လို့ သိရပါတယ်။

9. Turkey

တူရကီနိုင်ငံကတော့ BLACKPINK ကို YouTube ကနေကြည့်ရှူနှုန်း တစ်လကို ၁၀.၈ သန်းရှိပြီး ထိပ်ဆုံး ၁၀ နိုင်ငံမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

8. Mexico

BLACKPINK အဖွဲ့အနေနဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ မက္ကဆီကိုနိုင်ငံ လာရောက်ဖျော်ဖြေမယ်ဆိုတဲ့သတင်းပျံ့ပြီးနောက်မှာတော့ နိုင်ငံအတွင်းမှာ အားပေးသူတွေများပြားလာခဲ့တာ ဖြစ်ပါတယ်။ သူမတို့အဖွဲ့ကို YouTube ကနေ ကြည့်ရှုအားပေးတာကတော့ တစ်လကို ကြည့်ရှူသူ၁၃.၇ သန်းရှိတယ်လို့ သိရပါတယ်။

7. Malaysia

ဒီနှစ်အစောပိုင်းတုန်းက BLACKPINK မှာ ပထမဆုံး Concert Tour လုပ်ခဲ့ပြီး ကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့ Concert ၂ ခုရဲ့ လက်မှတ်တွေဟာဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာ ရောင်းကုန်သွားခဲ့ပါတယ်။ မလေးရှားပရိသတ်တွေအနေနဲ့ YouTube ကနေတဆင့် အားပေးကြည့်ရှုနှုန်းကတော့ တစ်လကို ၁၄.၆ သန်းရှိတယ်လို့ သိရပါတယ်။

6. United States

BLACKPINK အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘယ်လောက်နာမည်ကြီးသလဲဆိုတာကိုတော့ Coachella Music Festival မှာ ပါဝင်ဖျော်ဖြေခဲ့မှု၊ အမေရိကန်တီဗွီအစီအစဉ်တွေမှာ ပါဝင်တက်ဆက်ခဲ့မှုနဲ့ မြောက်အမေရိက Tour တွေရဲ့ လက်မှတ်ရောင်းကုန်မှုတွေကိုကြည့်ပြီး သိနိုင်ပါတယ်။ သူမတို့ကို အမေရိကန်ပရိသတ်တွေရဲ့ အားပေးမှုနှုန်းက YouTube မှာတစ်လကို ၁၈.၈ သန်းရှိပါတယ်။

5. Brazil

ဘရာဇီးနိုင်ငံရဲ့ တေးဂီတဆုပေးပွဲဖြစ်တဲ့ BreakTudo Awards မှာ BLACKPINK က သူမတို့အဖွဲ့ရဲ့ “Ddu-Du Ddu-Du” သီချင်းနဲ့ Video of the Year ဆန်ကာတင်စာရင်းမှာပါဝင်ခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း နိုင်ငံအတွင်း ပရိသတ်တွေအနေနဲ့ သူမတို့အဖွဲ့အပေါ် အားပေးမှုနှုန်းကို တွေ့မြင်နိုင်ပါတယ်။ ဘရာဇီးပရိသတ်တွေအနေနဲ့ YouTube ကနေ အားပေးနှုန်းကတော့ တစ်လကို ကြည့်ရှုသူ ၂၂.၆ သန်းရှိပါတယ်။

4. Vietnam

BLACKPINK ကို သည်းသည်းလှုပ်ကြိုက်နှစ်သက် အားပေးကြတဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံလည်း ပါဝင်ပါတယ်။ ဒီလိုမျိုးအားပေးမှုကို BLACKPINK အဖွဲ့ဝင်တွေကိုယ်တိုင်ကလည်း သိကြတာကြောင့် တစ်ရက်မှာတော့ ဗီယက်နမ်နိုင်ငံကို လာရောက်ဖျော်ဖြေချင်တယ်လို့ ပြောထားပါတယ်။ ဗီယက်နမ်ပရိသတ်တွေအနေနဲ့ YouTube ကနေ အားပေးမှုကတော့ တစ်လကိုကြည့်ရှုသူ ၂၈ သန်းရှိပါတယ်။

3. Philippines

ဖိလစ်ပိုင်နိုင်ငံမှာ အောင်မြင်လူကြိုက်များတဲ့ K-pop အဖွဲ့တွေထဲမှာ BLACKPINK အဖွဲ့လည်း အပါအ၀င်ဖြစ်ပါတယ်။ မနီလာမြို့မှာ Concert လုပ်ခဲ့တဲ့အပြင် ဇွန်လတုန်းကလည်း Fan Meeting လုပ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သူမတို့အဖွဲ့ကို မနီလာပရိသတ်တွေ ဘယ်လောက်အားပေးသလဲဆိုတာကို သိနိုင်ပါတယ်။ မနီလာပရိသတ်တွေအနေနဲ့ YouTube ကနေ အားပေးမှုနှုန်းကတော့ လတိုင်းမှာ ကြည့်ရှုသူ ၃၃.၆ သန်းရှိပါတယ်။

2. Thailand

Lisa ရဲ့ မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ သူမတို့အဖွဲ့ကို သည်းသည်းလှုပ်ချစ်ခင်အားပေးတဲ့ နိုင်ငံတွေထဲမှာ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ ဒီနှစ်ထဲမှာဆိုရင် သူမတို့အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ Concert ပြုလုပ်ခဲ့တာ ၆ ပွဲရှိနေပြီဖြစ်ပြီး သူမတို့အဖွဲ့ကို ချစ်ခင်အားပေးကြတဲ့ ထိုင်းပရိသတ်တွေထဲမှာ သာမန်ပရိသတ်တွေသာမကပဲ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းအနုပညာရှင်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ ထိုင်းပရိသတ်တွေအနေနဲ့ သူမတို့ကို YouTube ကနေ တစ်လတစ်လကို အားပေးမှုက ကြည့်ရှုသူ ၄၀.၅ သန်းရှိတယ်လို့ သိရပါတယ်။

1. Indonesia

BLACKPINK ရဲ့ ဗီဒီယိုတွေကို အွန်လိုင်းကနေတဆင့် ကြည်ရှုသူအားပေးတဲ့ ပရိသတ်အင်အားကတော့ တစ်လကို ၄၈.၆ သန်းရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ထိပ်ဆုံး ၁၀ နိုင်ငံမှာ နံပါတ် ၁ နေရာကနေ ရပ်တည်နေတာကို တွေ့ရပါတယ်။

Ref : Koreaboo
Rowena

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။