Jisoo ရဲ့ ပုံကိုကြည့်ပြီး လိင်စိတ်အာသာဖြေကြောင်း ဖွင့်ဟခဲ့ဖူးတဲ့ ဗီယက်နမ် Rapper

Posted on - Aug 14 []

Rowena

စာရေးသူ

ဗီယက်နမ် Rapper တစ်ယောက်ဖြစ်တဲ့ RichChoi ဟာ Kpop ပရိသတ်တွေ အထူးသဖြင့် BLACKPINK ရဲ့ ပရိသတ်တွေဖြစ်ကြတဲ့ Blink တွေဆီကနေ ဆိုးရွားစွာပြစ်တင်ဝေဖန်ုခြင်းကို ရရှိခဲ့ဖူးပါတယ်။ ဒီလိုမျိုး ဝေဖန်အပြစ်တင်ခံခဲ့ရတဲ့ အကြောင်းအရင်းကတော့ ထို Rapper ဟာ BLACKPINK ရဲ့ နာမည်နဲ့အတူ အဖွဲ့ဝင်ဖြစ်သူ Jisoo ရဲ့ နာမည်ကို အသုံးချပြီးတော့ လိင်စိတ်အာသာဖြေတဲ့အကြောင်းကို သီချင်းစပ်ဆိုခဲ့လို့ပဲ ဖြစ်ပါတယ်။

DissNeeLand ဆိုတဲ့ အစီအစဉ်တစ်ခုဟာ Rapper တွေ အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက် အပြိုင် Rap ရွတ်ရတဲ့ ပွဲအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ တစ်ယောက်ရွတ်တဲ့ Rap က နောက်တစ်ယောက်ရဲ့ Rap ထပ်သာတယ်ဆိုရင် အနိုင်ရရှိမှာဖြစ်တာကြောင့် သူ့ထက်ငါ အပြိုင် ယှဉ်ပြိုင်ကြတဲ့ပွဲမှာ RichChoi ရွတ်လိုက် Rap တစ်ပိုဒ်ဟာ ကြားရသူပရိသတ်တွေကို အံ့အားသင့်စေပြီး စိတ်ဆိုးဒေါသထွက်စေခဲ့ပါတယ်။

သူ ရွတ်ခဲ့တဲ့ Rap စာသားထဲကတော့ တစ်ကြောင်းမှာတော့ "Your Idol like your mom's pussy, BLACKPINK, both black and pink." ဆိုတဲ့ စာသားကို ဗီယက်နမ်ဘာသာစကားနဲ့ သီဆိုထားတာဖြစ်ပြီး အသုံးအနှုန်းတွေက BLACKPINK ရဲ့ နာမည်ကို ဆိုးရွားစွာ တိုက်ခိုက်နေသလိုမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် Jisoo ရဲ့ နာမည်ကိုလည်း ထိခိုက်စေတဲ့ စာသားတွေကိုလည်း စပ်ဆိုခဲ့ပါသေးတယ်။ "မင်းရဲ့မိသားစုက ဘယ်ဘာသာကိုမှ ကိုးကွယ်ခွင့်မပြုထားပေမယ့် မင်းကတော့ Jisoo ကို ဘုရားသခင်လို သဘောထားနေဆဲ" ဆိုတဲ့ စာသားကို စပ်ဆိုထားတာကြောင့် ဒါဟာ ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့စာသားဖြစ်တယ်လို့လည်း ဆိုလို့ရပါတယ်။

အဲဒါတွေထက်ပိုဆိုးတာကတော့ Jisoo ရဲ့ ပုံကိုကြည့်ပြီး လိင်စိတ်အာသာဖြေတယ်ဆိုတဲ့ အကြောင်းကို စပ်ဆိုထားတာပါပဲ။ ထို Rapper ဆိုထားတဲ့ Rap တွေကတော့ တော်တော်ကို ယုတ်ညံ့လွန်းတာမို့လို့ နိုင်ငံတကာက ပရိသတ်တွေကရော ဗီယက်နမ်က Kpop ပရိသတ်တွေကရောပါ စိတ်ဆိုးဒေါသထွက်နေကြရပြီး #ProtectJisoo နဲ့ #RespectJisoo ဆိုတဲ့ စာတွေနဲ့ Trend လုပ်ခဲ့ကြဖူးပါတယ်။

ဒါပေမယ့် ဒီလိုနာမည်တွေကို အသုံးချတာထက် ပိုပြီးဒေါသထွက်စရာကောင်းတာက RichChoi အနေနဲ့ BLACKPINK ကို တောင်းပန်သင့်ကြောင်းကို ပရိသတ်တွေအများက တောင်းဆိုခဲ့ပေမယ့်လည်း ပရိသတ်တစ်ယောက်ဆီကနေ သိရတဲ့သတင်းအရ ထို Rapper ဟာ သူ့ကို ပရိသတ်တွေ ဒေါသထွက်ပြီး တောင်းပန်ခိုင်းနေတာကို သိနေတာတောင်မှ သိပ်ပြီးအရေးမစိုက်တဲ့ပုံမပေါ်ပဲ သူသီဆိုလိုက်တဲ့စာသားက ဟာသအနေနဲ့သာဖြစ်ကြောင်းကို ရှင်းပြထားတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ရော ထို Rapper ရဲ့သီချင်းစာသားနဲ့ တုံ့ပြန်မှုကို ဘယ်လိုမျိုး မြင်မိပါသလဲ။

Ref : Koreaboo
Rowena

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။