အောင်မြင်မှုနဲ့ပတ်သက်ပြီး မက်ဆီရဲ့အရှိုက်ကို ထိမှန်သွားစေမယ့် စကားလုံးသုံးပြီး ဒဲ့ဆော်ခဲ့တဲ့စီရော်နယ်ဒို

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီဆိုတာ (၂၁) ရာစုရဲ့ အကောင်းဆုံး ခေတ်ပြိုင်ကစားသမားနှစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှုတွေဟာ ပရိသတ်တွေအတွက်တော့ တကယ့်ကို ရသခံစားရပြီး ရင်ခုန်စရာကောင်းလွန်းပါတယ်။ လက်ရှိအချိန်အထိ မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ယောက်မှာ ဘယ်သူကပိုကောင်းသလဲဆိုတာ လက်ရှိအချိန်အထိ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့ ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ကျွမ်းကျင်သူအမျိုးမျိုး၊ ပညာရှင်အမျိုးမျိုးကလည်း သူ့အမြင်၊ ကိုယ့်အမြင် သုံးသပ်မှုတွေရှိနေပေမယ့် ဘယ်သူပိုကောင်းသလဲဆိုတာ ဒီနေ့အထိ အားလုံးတစ်ပြေးညီလက်ခံနိုင်တဲ့အဖြေမရှိသေးပါဘူး။ အဓိကပြိုက်ဘက်တွေဖြစ်တာနဲ့အညီ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း အေးခဲတယ်လို့ ဆိုနိုင်ပါတယ်။

တစ်ခါတလေမှာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကြည်နူးဖို့ကောင်းသလို တစ်ခါတလေမှာလည်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ခက်ထန်ကြမ်းတမ်းပါတယ်။ အချို့အချိန်တွေမှာလည်း သူတို့နှစ်ယောက်ကြားက စကားလုံးတိုက်ပွဲတွေက ပရိသတ်တွေအတွက် အံ့အားသင့်စရာပါပဲ။

'The Making Of'ဆိုတဲ့ documentary တစ်ခုမှာ စီရော်နယ်ဒိုဟာ အဓိကပြိုင်ဘက်မက်ဆီကို တိုက်ခိုက်ပြောဆိုသွားခဲ့ပါတယ်။ "မက်ဆီနဲ့ ကျွန်တော့်ကြားကခြားနားချက်က ကျွန်တော်က ကလပ်အသင်းများစွာမှာ ကစားခဲ့ပြီး ကွဲခြားတဲ့အသင်းတွေနဲ့လည်း ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါပဲ။

ကျွန်တော်က ချန်ပီယံလိဂ်မှာ (၆) ရာသီဆက် ဂိုးသွင်းဘုရင်ဖြစ်ခဲ့တယ်။ နောက်ပြီး ကျွန်တော့်ကို ချန်ပီယံလိဂ်ကို (၅) ကြိမ်အထိ ကိုင်မြှောက်နိုင်တဲ့ ကစားသမားမျိုးလည်း အများကြီး ရှိမနေပါဘူး"လို့ စီရော်နယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။