ပရိသတ်တွေ မမြင်ဖူးလောက်သေးတဲ့ ငယ်ငယ်ကပုံလေးတွေကို ထုတ်ပြလိုက်တဲ့ ဖြိုးမြတ်အောင်

Posted on - Aug 14 []

Myint Myat

စာရေးသူ

Myanmar Idol Season 3 ရဲ့ Winner ဆုရှင်တစ်ဦးဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ ထူးခြားတဲ့ အသံကြောင့်ရော ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးဖြစ်တာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်က ပရိသတ်တွေ မမြင်ဖူးလောက်သေးတဲ့ ငယ်ငယ်ကပုံလေးတွေကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ ငယ်ငယ်ကတည်းက အရမ်းဂေါ်ပြီး လူငယ်ဆန်လွန်းတဲ့ ဖြိုးမြတ်အောင်ရဲ့ပုံရိပ်တွေကတော့ ပရိသတ်တွေကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ငယ်ငယ်ကတည်းက အရမ်းကိုဂေါ်တဲ့ ဖြိုးမြတ်အောင်ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်ကတော့ "အူးတို့ ငယ်ငယ်ကပေါ့ကွယ်" ဆိုပြီး သူငယ်ချင်းတွေနဲ့အတူ ရိုက်ကူးထားတဲ့ ငယ်ငယ်ကပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။

ငယ်ငယ်ကတည်းက ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ ဖျော်ဖြေဖူးတဲ့ အနုပညာပါရမီပါသူလေး ကိုဖြိုး...။

ပြိုင်ပွဲဝင်တစ်ဦးကနေ အခုဆိုရင် အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေလုပ်ရင်း သူတတ်နိုင်တဲ့ဘက်ကနေ အနုပညာအလုပ်တွေလည်း လုပ်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ဂေါ်တဲ့ ဖြိုးမြတ်အောင်ရဲ့ပုံရိပ်လေးတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Phyo Myat Aung's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။