အန်ဒွန်ဘီလီရဲ့ပြောင်းရွှေ့ကြေးကို ခိုးယူဖို့ကြိုးစားခဲ့တဲ့ ဟက်ကာအဖွဲ့ရဲ့လုပ်ရပ်

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

အွန်လိုင်းဟက်ကာအဖွဲ့တစ်ဖွဲ့ဟာ စပါးကွင်းလယ်လူအန်ဒွန်ဘီလီရဲ့ ပြောင်းရွှေ့ကြေးကို ခိုးယူဖို့ ကြိုးပမ်းခဲ့တဲ့လုပ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူအန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဟာ လီဂူးကလပ်လိုင်ယွန်အသင်းကနေ ပရီးမီးယားလိဂ်ကလပ်စပါးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။

အဲဒီပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းစလုံးက လိုင်ယွန်တစ်သင်းတည်းက ရရှိတာမဟုတ်ပါဘူး။ လိုင်ယွန်အသင်းဟာ အန်ဒွန်ဘီလီကို အာမီယန်အသင်းဆီက ခေါ်ယူခဲ့စဉ်တာပါ။ အဲဒီလို ခေါ်ယူခဲ့စဉ်က ချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း လိုင်ယွန်အသင်းဟာ စပါးဆီကရတဲ့ပြောင်းရွှေ့ကြေးထဲက တစ်ချို့ကို အာမီယန်အသင်းကို ပေးရမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အာမီယန်အသင်းရဲ့ အင်တာနက်ဆာဗာကို အွန်လိုင်းဟက်ကာအဖွဲ့က ၀င်ရောက်ဟက်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဟက်ကာအဖွဲ့ဟက်နေတဲ့အချိန်မှာ အာမီယန်အသင်းမှာ လီဂါနက်စ်နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားနေခဲ့တာပဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့စုံစမ်းမှုတွေအရတော့ အန်ဒွန်ဘီလီအတွက် ရရှိထားတဲ့ အာမီယန်ရဲ့ပြောင်းရွှေ့ကို ဟက်ကာအဖွဲ့က စပိန်အကောင့်တစ်ခုထဲ လွှဲပြောင်းဖို့ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်ခဏအတွင်းမှာပဲ အာမီယန်အသင်းရဲ့ငွေလွှဲပြောင်းမှုကို Block ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ စပါးအသင်းအတွက် အရေးပါတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်အဖွင့်လှခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။