စစ်သားကြီးအဖြစ် ရက် ၁၀၀ ပြည့်သွားပြီဖြစ်တဲ့ EXO Xiumin

Posted on - Aug 14 []

Shoonie JiJi

စာရေးသူ

EXO အဖွဲ့ဝင် Xiumin စစ်မှုထမ်းတာဝန်ထမ်းဆောင်ကတည်းက စစ်သားတွေရဲ့တာဝန်ထမ်းဆောင်နေတဲ့ရက်အရေအတွက်နဲ့ ပြန်ထွက်လာမဲ့အချိန်တွေကို တွက်ချက်လို့ရတဲ့ ပရိုဂရမ်နဲ့ပရိသတ်တွေက တွက်ချက်ခဲ့ကြပါတယ်။ Xiumin ဟာ သြဂုတ်လ ၁၃ ရက်နေ့မှာ စစ်မှုထမ်းရက်ပေါင်း ၁၀၀ ပြည့်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့်ပရိသတ်တွေကတွစ်တာအကောင့်တွေမှာ #Xiumin_ProtectTheCountry_100Days ဆိုတဲ့စာသားနဲ့ကမ္ဘာအနှံ့အပြားက ပရိသတ်တွေက ၀ိုင်းပြီးဂုဏ်ပြုခဲ့ကြပါတယ်။

Xiumin ရဲ့စစ်မှုတာဝန်ထမ်းဆောင်ရက် ၁၀၀ ပြည့်သွားတာလည်းဖြစ်တဲ့အပြင် Xiumin ပရိတ်သတ်တွေရဲ့ အထူးနေ့လည်းဖြစ်ပါတယ်။ Xiumin ဟာ သူ့ရဲ့ပရိသတ်တွေကို 'Elsas' ဆိုတဲ့နာမည်လေးပေးခဲ့တာ ၄နှစ်ပြည့်သွားတဲ့နေ့တစ်ရက်ပါ။ ဒီလိုပရိသတ်တွေအတွက် အဓိပ္ပါယ်ရှိတဲ့ရက်လေးတစ်ရက်အဖြစ်တိုက်ဆိုင်နေပါသေးတယ်။ Xiumin အတွက် ရက် ၁၀၀ပြည့်တဲ့အနေနဲ့ရော ပရိသတ်တွေရဲ့မွေးနေ့ပွဲလို့လည်းခေါ်လို့ရတဲ့နေ့လေးကို ကျင်းပခဲ့ကြပါတယ်။

EXO နဲ့ EXO-L တွေကလည်း အငယ်ဆုံးလေးလို့ထင်ရတဲ့ အစ်ကိုအကြီးဆုံးကိုအတူတူစောင့်နေကြပါတယ်။ Xiumin ဟာနားရက်ရတဲ့အချိန်အတွင်းမှာ EXplOration ပွဲကို သွားရောက်ပြီး သူ့ရဲ့ EXO အဖွဲ့ဝင်တွေကိုအားပေးခဲ့ပါသေးတယ်။ EXO ဟာ အဖွဲ့ဝင်ခြောက်ယောက်နဲ့ပွဲတွေကိုဖျော်ဖြေခဲ့ကြပါတယ်။ Xiumin နဲ့ D.O ကတော့ စစ်မှုတမ်း တာဝန်ထမ်းဆောင်နေကြတဲ့အတွက် ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

Xiumin ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်မှုထမ်းတာဝန်ကတရားဝင်ပြီးဆုံးမှာဖြစ်ပါတယ်။

Winkie
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။