မန်ယူအတွက် ဂိုးသွင်းယူပြီးနောက် တန်ဖိုးကြီးမားတဲ့အရာတစ်ခုကို ရသွားပြီဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

မန်ယူအသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အဓိကပြိုင်ဘက် ချဲလ်ဆီးအသင်းကို (၄) ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး အဖွင့်လှခဲ့ပါတယ်။ မန်ယူအသင်းဟာ အဲဒီပွဲစဉ်မှာ ဘစ်ဆာကာ၊ မက်ဂွဲရား၊ ဒန်နီရယ်ဂျိမ်းစ် အစရှိတဲ့ နွေရာသီက ခေါ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် တောင်ပံကစားသမားဒန်နီရယ်ဂျိမ်းစ်ပါ။

ဒန်နီရယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ဆွမ်ဆီးအသင်းကနေ မန်ယူကို ပေါင် (၁၇) သန်းနဲ့ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။ ဒန်နီရယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ရာသီကြိုမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ပွဲမှာလည်း ခြေစွမ်းပြကာ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးနဲ့ပွဲကစားပြီး နောက်တစ်နေ့မှာလည်း ဒန်နီရယ်ဂျိမ်းစ်ဟာ တန်ဖိုးကြီးမားတဲ့အရာတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒါကတော့ ဒန်နီရယ်ဂျိမ်းစ်ဟာ မန်ယူရဲ့ဂျာစီစပွန်ဆာကုမ္ပဏီ Adidas နဲ့ စာချုပ်ချုပ်ဆိုခွင့်ရခဲ့တာပါပဲ။

ပရီးမီးယားလိဂ်မှာ အဖွင့်ဂိုးသွင်းယူပြီး နောက်တစ်နေ့မှာ Adidas နဲ့စာချုပ်ချုပ်ဆိုခွင့်ရခဲ့လို့ ဒန်နီရယ်ဂျိမ်းစ်တစ်ယောက် ဖော်မပြတတ်အောင် ပျော်ရွှင်ခံစားရလျက်ရှိနေပါတယ်။ ဒါကြောင့် Adidas နဲ့စာချုပ်ချုပ်ဆိုအပြီး "ခမ်းနားလွန်းတဲ့ နေ့( ၂) နေ့"ဆိုတဲ့ စာသားနဲ့ လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်အတွက်တော့ စုတ်ရော လာဘ်ရောဝင်တဲ့ကာလို့ဆိုရပါမယ်။ ချဲလ်ဆီးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးဟာ မကြာခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူအတွက် ရည်ညွန်းကြောင်းလည်း ဒန်နီရယ်ဂျိမ်းစ်က ဆိုခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။