ကြော်ငြာမင်းသားလေး Liam ကို ရိုက်ကွင်းနောက်ကွယ်ကနေ မြူနေတဲ့ မေမေယွန်းဝတီလွင်မိုး
Rowena
စာရေးသူ
မင်းသားကြီးလွင်မိုးရဲ့ အနုပညာသွေးကို အပြည့်အဝ ခံယူထားတဲ့ ယွန်းဝတီလွင်မိုးက ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပြီး အနုပညာလောကမှာ အောင်မြင်နေသူတစ်ဦး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကလေးမွေးထားတဲ့ ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက်ကိုလည်း ပရိသတ်တွေက ချစ်ခင်ကြတာကို တွေ့ရပါတယ်။ အခုဆိုရင် လွင်ထက်လေးက အသက်တစ်နှစ်မပြည့်ခင်ကတည်းကပဲ ကြော်ငြာတွေကို ရိုက်ကူးနေရတဲ့ မင်းသားပေါက်စလေး ဖြစ်နေပါပြီ၊

လွန်ခဲ့တဲ့ ရက်ပိုင်းက ယွန်းဝတီလွင်မိုးက သားသားလေး လွင်ထက်နဲ့အတူတူ ကြော်ငြာအတူတူ ရိုက်ကူးပေးခဲ့ပါတယ်။ ထိုကြော်ငြာရိုက်ကွင်းမှာ ယွန်းဝတီလွင်မိုးက သားလေး လွင်ထက် ကိုရယ်မောစေဖို့ ရိုက်ကွင်းနောက်ကွယ်ကနေ မြူပေးနေခဲ့တာ ဖြစ်ပါတယ်။
မင်းသားပေါက်စလေးကို ရိုက်ကွင်းနောက်ကွယ်ကနေ မြူနေတဲ့ မေမေယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၇) ရက်နေ့ကပဲ တစ်နှစ်ပြည့်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေရော၊ အနုပညာရှင် အသိုင်းအဝိုင်းမှာပါ သည်းသည်းလှုပ် ချစ်ကြတဲ့ သားလေး ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကတော့ သားလေး လွင်ထက်အတွက် အကောင်းဆုံး ပြင်ဆင်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အခုတင်ဆက်ပေးလိုက်တဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Daisy Cotton
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပရိသတ်တွေ လုံးဝမကြားချင်တဲ့ စကားတစ်ခွန်းကို ၀မ်းနည်းဖွယ် ပြောချလိုက်တဲ့ မက်ဆီ
Dec 4 2019 (23978 views)

မန်ယူအသင်း အနိုင်ရသွားခဲ့တဲ့ အဓိကအကြောင်းရင်းကို မကွယ်မ၀ှက် ထုတ်ဖော်ပြောကြားလိုက်တဲ့ မော်ရင်ညို
Dec 5 2019 (10511 views)

မွေးနေ့ညလေးမှာ မိသားစုတွေ စုံစုံလင်လင်နဲ့ မွေးနေ့ကိတ်ခွဲခဲ့တဲ့ သင်ဇာဝင့်ကျော်
Dec 5 2019 (10975 views)

အရှိန်လွန်ပြီး မော်ရင်ညိုရဲ့ အောက်ခြေပိုင်းကို ၀င်တိုက်မိခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကြောင့် ပရိသတ်တွေ ပွဲကျ
Dec 5 2019 (21186 views)

နည်းပြရာထူးနဲ့ ပတ်သက်ပြီး ကြားရသူတိုင်း လုံး၀၀မ်းနည်းသွားစေမယ့် စကားဆိုလိုက်တဲ့ ဆိုးလ်ရှား
Dec 4 2019 (12515 views)

ချွဲလွန်းတဲ့ ချစ်ဇနီးကို လက်ပါမိသွားတဲ့အကြောင်း အရွှန်းဖောက်ပြောလာတဲ့ ရွှေထူး
Dec 4 2019 (20930 views)

ချစ်သူ မြန်မာမလေးကို ဘယ်လောက်ချစ်ကြောင်း ထုတ်ပြောလာတဲ့ ဂျာမနီနိုင်ငံသားလေး Mikis Weber
Dec 4 2019 (12809 views)

စီရော်နယ်ဒိုကို တိုက်ခိုက်ခဲ့တဲ့ ဗန်ဒိုက်ခ်ျကို အချက်ကျကျ ပြန်ဆော်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့အစ်မ
Dec 4 2019 (9113 views)