တစ်လတိတိ ပြည့်သွားပြီဖြစ်တဲ့ ချစ်သမီးလေးရဲ့ပုံလှလှလေးတွေ တင်လိုက်တဲ့ စန္ဒီမြင့်လွင်

Posted on - Aug 14 []

Myint Myat

စာရေးသူ

အသံရဲ့ကောင်းခြင်းနဲ့ ပြည့်စုံတဲ့ အဆိုတော်မလေး စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာ ချစ်ရသူနဲ့လက်ထပ်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးပိုင်ဆိုင်ထားတာပါ။ တလောကပဲ သူမတို့မိသားစု ထဲကို ဆည်းလည်းလေးတစ်ခု ဝင်ရောက်လာပြီမို့ စန္ဒီမြင့်လွင်တစ်ယောက် အမြဲကြည်နူးနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က တစ်လတိတိ ပြည့်သွားပြီဖြစ်တဲ့ ချစ်သမီးလေးရဲ့ပုံလှလှလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အမေနဲ့ရော အဖေနဲ့ပါ တစ်ပုံစံတည်းတူတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေး ထရက်ရှာကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် တစ်လတိတိ ပြည့်သွားပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးဦးလေး ထရက်ရှာရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

စန္ဒီမြင့်လွင်ကတော့ "မီးမီး ဒီနေ့ တစ်လပြည့်ပါပီရှင်❤️ 📷လှလှလေးရိုက်ပေးတဲ့ဦးဦးကင်း (Life Photography) ပန်းလှလှလေးဆင်ပေးတဲ့တီတီဂျာ(Things 4 U - wedding, event and party supply) အင်ကျီလှလှလေးချုပ်ပေးတဲ့ဦးဦးတုတု Ya Tuတို့ ကိုလဲကျေးဇူးများကြီးတင်ပါတယ်ရှင့်😘 မီးမီးဂျီကျအိပ်ပျော်နေလို့  ပုံလေးတွေကအိပ်နေတာချည်းပဲ😍" ဆိုပြီး ချစ်စရာသမီးလေးရဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

ချစ်လိုက်တာ အမေတူသမီးလေး ထရက်ရှာရယ်...။

စန္ဒီမြင့်လွင်ကတော့ တစ်လတိတိ ပြည့်သွားပြီချစ်တဲ့ ချစ်သမီးလေးနဲ့အတူ အမှတ်တရပုံရိပ်လေးတွေ အတူရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင် က ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သမီးမိန်းကလေး အရမ်းလိုချင်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးလေးကို ရတနာလေးတစ်ပါးလို တန်ဖိုးထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ စန္ဒီမြင့်လွင်တို့ သားအမိကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Sandy Myint Lwin's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။