လေ့ကျင့်ခန်းမဆင်းဘဲ ဂိမ်းအစီစဉ်မှာ သွားဆော့ခဲ့တဲ့ ရာမီကို ဒေါသထွက်ကာ စာချုပ်ဖျက်သိမ်းခဲ့တဲ့ မာဆေးလ်

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

ပြင်သစ်လက်ရွေးစင်နောက်ခံလူရာမီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်မဆန်တဲ့လုပ်ရပ်ကြောင့် အသင်းရဲ့စာချုပ်ဖျက်သိမ်းကြေးကို ခံခဲ့ရပြီဖြစ်ပါတယ်။ ရာမီဟာ ၂၀၁၇ ခုနှစ်က ဆီဗီးလ်အသင်းကနေ မာဆေးလ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ရာမီဟာ ပြီးခဲ့တဲ့ (၂) ရာသီမှာ မာဆေးအတွက် အဓိက ကစားသမားအဖြစ် ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

အသက် (၃၃) နှစ်အရွယ်ရှိရာမီဟာ ဒဏ်ရာကိုအကြောင်းပြပြီး Fort Boyard ရဲ့ဂိမ်းအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က လွန်ခဲ့တဲ့ မေလအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

မာဆေးအသင်းအနေနဲ့ တူးလောက်စ်ကို အနိုင်ရပြီးနောက် (၂) ရက်အကြာမှာ ရာမီဟာ ဒဏ်ရာရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ရာမီဟာ ဒဏ်ရာကိုအကြောင်းပြပြီး လေ့ကျင့်ခန်း လာရောက်ဆင်းဖို့ ငြင်းဆန်ခဲ့တာပါ။ ဒါပေမဲ့ ဒဏ်ရာရနေတယ်ဆိုတဲ့ရာမီဟာ ဂိမ်းအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီဂိမ်းအစီအစဉ်ဟာ နွံ့ပုံစံကန်ထဲမှာ ခွန်အားသုံးပြီး ဆော့ကစားရတဲ့အစီအစဉ်ဖြစ်ပါတယ်။ မာဆေးအသင်းအတွက် ပိုပြီးခံပြင်းစရာကောင်းတာက ရာမီဟာ အဲဒီအကြောင်းကို အသင်းထံ အသိပေးခဲ့ခြင်းမရှိဘဲ TV မှာ ထုတ်လွှင့်ချိန်ရောက်မှ အသင်းက သိခဲ့ရတာပါ။

ဒါကြောင့် သြဂုတ်လ (၁၃) ရက်နေ့မှာတော့ မာဆေးအသင်းဟာ အဲဒီလုပ်ရပ်အတွက်ရာမီကို စာချုပ်ဖျက်သိမ်းကာ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဂိမ်းအစီအစဉ်မှာ သွားဆော့ခဲ့တဲ့ ရာမီ

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။