ဂယက်ပေါင်းများစွာဖြစ်စေခဲ့တဲ့ အဆိုးရွားဆုံးသောဝတ်စုံတွေကို ၀တ်ဆင်ခဲ့ကြသူ Idol များ

Posted on - Aug 14 []

Mia Zin

စာရေးသူ

K-pop Idol တွေ ၀တ်ဆင်ကြတဲ့ ၀တ်စုံဒီဇိုင်းတွေဟာ မြင်သူတိုင်းရင်သပ်ရှုမောလောက် ကြည့်ကောင်းကြတယ်ဆိုသော်ငြားလည်း အခုဖော်ပြပေးမယ့် Idol တွေကတော့ ဂယက်ပေါင်းများစွာကို ဖြစ်စေခဲ့တဲ့ ဆိုးဆိုးရွားရွားဝတ်စုံတွေကို ၀တ်ဆင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်လောက်တောင်များ ကြည့်ရဆိုးတဲ့ဝတ်စုံတွေကို ၀တ်ဆင်ခဲ့ကြဖူးသလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Girl’s Day

၂၀၁၁ ခုနှစ်တုန်းက Girl’s Day အဖွဲ့ဟာ ကြည့်ရဆိုးတဲ့ စတိတ်ဝတ်စုံကို ၀တ်ဆင်ခဲ့ဖူးတာကြောင့် လူအများရဲ့ ပြစ်တင်ပြောဆိုမှုတွေကို ရရှိခဲ့ဖူးပါတယ်။ အဲဒီဝတ်စုံတွေက ဘယ်လောက်တောင်များ ကြည့်ရဆိုးသလဲဆိုရင် သူမတို့တွေဝတ်ဆင်ထားတဲ့ အတွင်းခံအဖြူရောင်တွေကို မြင်တွေ့နေရပါတယ်။

2. SISTAR

SISTAR အဖွဲ့ကတော့ ၂၀၁၁ ခုနှစ်တုန်းက KBS Music Festival မှာ ၀တ်ဆင်ခဲ့တဲ့ဝတ်စုံတွေနဲ့ ပတ်သတ်ပြီး အပြစ်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ “So Cool” သီချင်းရဲ့ ဖျော်ဖြေတင်ဆက်မှုဟာဆိုရင် အတော်လေးကို ဆက်စီဖြစ်လွန်းခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။

3. Girls’ Generation

စတိတ်တစ်ခုမှာ Girls’ Generation အဖွဲ့ဝင်တွေဝတ်ဆင်ခဲ့တဲ့ ၀တ်စုံဒီဇိုင်းဟာဆိုရင် Dolce & Gabbana အမှတ်တံဆိပ်ရဲ့ ဒီဇိုင်းတစ်မျိုးနဲ့ ဆင်တူနေတာကို လူအများက သတိထားမိပြီးတဲ့နောက်မှာတော့ ဝေဖန်သံတွေညံလာခဲ့ပြီး တချို့တွေကတော့ ဒီလိုမ်ျိုးဝတ်ဆင်တာကို ဗြောင်ကျလွန်းတယ်လို့ မှတ်ချက်တွေ ပေးခဲ့ပါတယ်။

4. PRITZ

PRITZ အဖွဲ့ဝတ်ဆင်ခဲ့တဲ့ ၀တ်စုံတစ်စုံကလည်း အတော်လေးကို လူပြောများပြီး ပြောစရာတြွေ့ဖစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူမတို့တွေဝတ်ဆင်ခဲ့ဝတ်စုံတွေရဲ့ လက်မှာ စစ်အာဏာရှင် ဟစ်တလာကို ကိုယ်စားပြုတဲ့ နာဇီ သင်္ကေတတွေပါဝင်နေခဲ့တာကြောင့်ပါပဲ။

5. Girls’ Generation’s Tiffany and Taeyeon

Girls’ Generation ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Tiffany နဲ့ Taeyeon တို့ဝတ်ဆင်ခဲ့တဲ့ Lady Marmalade ၀တ်စုံဟာဆိုရင်လည်း အတော်လေးကို လူပြောစရာဖြစ်ခဲ့ဖူးတဲ့ ၀တ်စုံတစ်စုံဖြစ်ပါတယ်။

6. SIXBOMB

SIXBOMB အဖွဲ့ဝတ်ဆင်ခဲ့တဲ့ ပန်းရောင်ကိုယ်ကြပ်ဝတ်စုံဟာဆိုရင်လည်း ကိုယ်ခန္ဓာအဆစ်အပေါက်တွေကို အတိုင်းသားတွေ့မြင်နေခဲ့ရတာကြောင့် အတော်ကိုကြည့်ရဆိုးတဲ့ ၀တ်စုံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

7. Year 7 Class 1

ဒီအဖွဲ့ကတော့ ၀တ်စုံရယ်လို့မဟုတ်ပဲ အကပုံကြောင့် ၀တ်စုံက ကြည့်ရဆိုးသွားတဲ့ သဘောပါပဲ။

8. PSY

Beyoncé ရဲ့ ဖက်ရှင်အတိုင်း ၀တ်ဆင်ခဲ့တဲ့ PSY ကတော့ Beyoncé လို ကြည့်ကောင်းတဲ့ပုံစံမဖြစ်ပဲ ကြည့်ရဆိုးသွားတာကို ပုံပါအတိုင်းတွေ့မြင်ရမှာပါ။

ဒီဝတ်စုံတွေထဲမှာ ဘယ်ဝတ်စုံက ကြည့်ရအဆိုးဆုံးလို့ ထင်မိပါသလဲ။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။