အသင်းကနေ မထွက်ခွာပါက အဆိုးရွားဆုံး အခြေအနေတစ်ခုနဲ့ရင်ဆိုင်ရမယ်လို့ ဆန်းချက်ဇ်ကို မန်ယူခြိမ်းခြောက်

Posted on - Aug 14 []

Myint Myat

စာရေးသူ

ယူနိုက်တက်လမ်းမထက်မှာ ဆန်းချက်ဇ်ရဲ့အနာဂတ်တွေကေ၀၀ါးသထက်ေ၀၀ါးလာပါပြီ။ မျှော်လင့်ချက်အပြည့်နဲ့ လှမ်းလာခဲ့တဲ့ ယူနိုက်တက်လျှောက်လှမ်းက လက်ရှိအချိန်မှာ ဆန်းချက်ဇ်အတွက် ငရဲခန်းတစ်ခုလို။ သူစိမ်းပြင်တစ်ခုလို ခါးသက်လွန်းလှတယ်။ ပရီးမီးယားလိဂ်ဖလား ရယူချင်လို့ပါဆိုတဲ့ စကားသံနဲ့ ကြွေးကြော်ပြီး ယူနိုက်တက်အလံတော်အောက် ခိုဝင်ခဲ့တဲ့ ဆန်းချက်ဇ်ရဲ့အနာဂတ်တွေက တိမ်မဲတွေထူထပ်နေတဲ့ ကောင်းကင်တစ်ခုလို မဲညိုလို့။

အခုဆိုရင် ဆန်းချက်ဇ်တစ်ယောက် ယူနိုက်တက်နဲ့ (၂) ရာသီတိတိဖြတ်သန်းပြီးပြီ။ အဲဒီ (၂) ရာသီမှာ ဆန်းချက်ဇ်ရဲ့စွမ်းဆောင်ရည်က လုံးဝကျေနပ်စရာမကောင်းခဲ့ပါဘူး။ ဒါကြောင့်လည်း ဆန်းချက်ဇ်ဟာ ပရိသတ်တွေရဲ့ အခါးသီးဆုံးဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

အထူးသဖြင့် လက်ရှိအချိန်မှာတော့ ဆန်းချက်ဇ်ဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပါပြီ။ လက်ရှိမှာတော့ ဆန်းချက်ဇ်ဟာ ဆိုးလ်ရှားရဲ့အနာဂတ်အစီအစဉ်ထဲမှာ မပါဝင်တော့ပါဘူး။ ဒါကြောင့် မန်ယူအသင်းဟာ တစ်ပတ် ပေါင် (၅)သိန်းအထိ ပေးနေရတဲ့ဆန်းချက်ဇ်ကို အလျင်အမြန် အသင်းကနေ ထုတ်ပယ်ချင်နေပါတယ်။

ရိုးမားအသင်းက အငှားခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့လစာပမာဏကြောင့် လက်လျှော့ခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ သူ့ရဲ့လစာကို မလျှော့တာကြောင့်အသင်းတွေက ခေါ်ယူဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် ဒီနေရာမှာ မန်ယူအသင်းဟာ ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

တကယ်လို့ ဆန်းချက်ဇ်အနေနဲ့ အသင်းမပြောင်းရင် လာမယ့်တစ်ရာသီလုံး မန်ယူအရန်အသင်းမှာပဲ ကစားခွင့်ရရှိလိမ့်မယ်ဆိုပြီး ပြောဆိုခဲ့တာပါ။ လက်ရှိမှာလည်း ဆန်းချက်ဇ်ဟာ လူငယ်ကြယ်ပွင့်ဂရင်းဝုဒ်နဲ့ လေ့ကျင့်ရေးကွင်းမှာ ပြဿနာဖြစ်ပွားခဲ့ပါသေးတယ်။ ဒါကြောင့် ဆန်းချက်ဇ်ဟာ မန်ယူအသင်းကနေသာ မထွက်ခွာရင် ဒီထက်အလွန်ဆိုးရွားတဲ့အခြေအနေဆိုးတစ်ခုကို ကြုံတွေ့ရတော့မှာပါ။ ဒီအခြေအနေမှာ ဆန်းချက်ဇ်ဘယ်လိုဆုံးဖြတ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။

Myint Myat

Ref: Daily Mail

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။