"The Spa" ရုပ်ရှင်ဇာတ်ကားက ပါသမျှလူတိုင်း အဝတ်အစားချွတ်ကြတဲ့ လူသတ်ကား ဆိုတဲ့ ညိုမင်းလွင်

Posted on - Aug 14 []

Rowena

စာရေးသူ

သရုပ်ဆောင်နှင့် ဒါရိုက်တာ ညိုမင်းလွင်က အများနဲ့ကွဲထွက်ပြီး သူ့ကိုယ်ပိုင်ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ချပြသူ တစ်ဦးပါပဲ။ ညိုမင်းလွင်က လျို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်မှု ရရှိထားတဲ့ ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ "အနတ္တ" သိပ္ပံရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံထားရတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒါရိုက်တာ ညိုမင်းလွင်က သူရိုက်ကူးထားတဲ့ "The Spa" ရုပ်ရှင်ဇာတ်ဝင်ခန်း ပုံရိပ်တွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှု ခံနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ "The Spa" ရုပ်ရှင်ဇာတ်ကားအကြောင်းကို အခုလို ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။

"Spa သွားတဲ့ဇာတ်ဝင်ခန်းကိုယဉ်ကျေးမှုနဲ့အညီဘယ်လိုများမျှော်လင့်ထားကြလို့ပါလိမ့်...အဲဒီကားနဲ့ပါတ်သက်ပြီးပြောချင်တာက ပါသမျှလူအားလုံးချွတ်ကြတဲ့လူသတ်ကား ဆိုတာပဲ..." ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

"Tha Spa" ရုပ်ရှင်ဇာတ်ကားကြီးက သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး အဓိကသရုပ်ဆောင်တွေအဖြစ် အောင်ရဲလင်း၊ ဆုမြတ်နိုးဦးနဲ့ ထိုင်းမင်းသမီးတစ်ယောက်တို့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

"The Spa" ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့တင် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ "The Spa" ရုပ်ရှင်ဇာတ်ကားက ဆင်ဆာရရှိပြီဆိုတော့ အမြန်ဆုံး ရုံတင်ပြသရပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Nyo Min Lwin's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။