အလှူရှင်လိုအပ်နေတဲ့ ကစ်ကစ်အတွက် တစ်လ (၁)သိန်းနဲ့ ရာသက်ပန် ပေးလှူသွားမယ့် ခင်ရူပတို့ ဇနီးမောင်နှံ

Posted on - Aug 14 []

Myint Myat

စာရေးသူ

ဇာတ်ကားတွေထဲမှာ မျက်နှာပြောင်ပြောင်နဲ့ စနောက်ပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ဖူးတဲ့ သရုပ်ဆောင် ကစ်ကစ်ကတော့ လက်ရှိမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သေမင်းကို အံတုပြီး အသက်ဆက်နေတဲ့ ကစ်ကစ်အတွက် ထာဝရအလှူရှင်တစ်ဦးက မလှူဒါန်းဖြစ်တော့တာကြောင့် အခက်အခဲဖြစ်နေတဲ့ ကစ်ကစ်အတွက် ခင်ရူပတို့ ဇနီးမောင်နှံက တစ်လ (၁)သိန်းနဲ့ ရာသက်ပန် ပေးလှူသွားမယ်လို့ သိရပါတယ်။ အားနည်းတဲ့သူကို ကူညီတတ်တဲ့ ခင်ရူပတို့ ဇနီးမောင်နှံရဲ့အလှူကတော့ တကယ့်ကို ပီတိဖြစ်စရာကောင်းလှပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ကစ်ကစ်အတွက် ရာသက်ပန်အလှူရှင်အဖြစ် ရပ်တည်သွားမယ့် အရမ်းကို စိတ်ထားကောင်းတဲ့ ခင်ရူပတို့ ဇနီးမောင်နှံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် ကစ်ကစ်ကို ထာဝရအလှူရှင်တစ်ဦးအဖြစ် စောင့်ရှောက်နေတဲ့ ခင်ရူပကတော့ "မကစ်ရဲ့ ထာဝရ အလှူရှင် တစ်ဦးဖြစ်သူ သည် အကြောင်းကြောင်းအမျိုးမျိုးကြောင့် မလှူဒါန်းဖြစ်ပါသောကြောင့် အချိန်မှီ ထပ်မံ ရှာဖွေခဲ့ ရာ
မော်ဒယ် နှင့် သရုပ်ဆောင် ညီမလေး ခင်ရူပ တို့ ဇနီးမောင်နှံသည် မကစ် ကျောက်ကပ် ဆေးအလှူအတွက် လစဉ် ၁ လ (တစ်သိန်း) ပေးလှူရန် ရာသက်ပန် ဆုံးဖြတ်ချက်ချပြီးပေးလှူလိုက်တဲ့အတွက် အထူးကျေးဇူးတင် ဂုဏ်ပြုပါသည် 🙏🏻ဒီထက်မကသော သာယာပျော်ရွှင်သော အိမ်ထောင်ရေး နှင့် ကြီးပွားတိုးတက်မှု အပေါင်းကို ခံစား စံစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🙏🏻မကစ် အတွက် ထာဝရ အလှူရှင် စာရင်း အား ထပ်မံ ဖြည့်စွက် တင်ပြပေးလိုက်ပါသည် 🙏🏻1/ အကို သော်ဇင် Cote Gyi 2/ အကိုရဲထိုက် ဇနီးမောင်နှံ Ye Htike Kyaw 3/ ဒေါက်တာ ဖြိုးစည်သူ 4/ ခိုင်မွန်တို့ ဇနီးမောင်နှံ Khaing Mon 5/ အကိုတေဇာ Tayzar Aung Lwin 6/ကိုမောင်သန့် Maung Maung Thant 7/မမ စန်း San San Lwin 8/Rose Rose Khin MeeMee Win 9/Khin kyaw Khin Kyaw Zaw 10/ ခင်ရူပ Khin Yupa 11/ ခင်သဇင်

အရေးပေါ် ။ ။ အလှူရှင် ၁၂ ဦးရှာဖွေခဲ့ရာ နောက်ထပ်တစ်ဦးသည်လည်း ဆက်သွယ်ရ်ျ မရတော့ပါသောကြောင့် အရေးတကြီး လိုအပ်နေကြောင်း မျှဝေပါရစေရှင် (ထာဝရ အလှူရှင် ဖြစ်လိုသူများသည် မကစ် သက်ရှိထင်ရှား ရှိစဉ် ကာလ အထိ ၁ လ လျှင် ၁ သိန်းကျပ် လစဉ် မပျက်မကွက်ပေးလှူရမှာ ဖြစ်သည့် အတွက် သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ သာလျှင် ထာဝရ အလှူရှင် အဖြစ် လှူဒါန်းရန် ဆုံးဖြတ်ပေးပါရန် အထူး မေတ္တာ ရပ်ခံ ပါရစေရှင် 🙏🏻မဟုတ်ရင် လူနာ အတွက် အခက်အခဲလေးတွေ ဖြစ်လာလို့ပါ 😢စေတနာ မေတ္တာအား အထူးလေးစား တန်ဖိုးထားလျှက် 🙏🏻ခင်သဇင် 🙏🏻" ဆိုပြီး အလှူရှင်တစ်ဦး ထပ်လိုနေတဲ့အကြောင်းနဲ့ ကစ်ကစ် သက်ရှိထင်ရှားရှိစဉ်ကာလတွေမှာ တကယ်လှူဒါန်းနိုင်မှ လှူကြဖို့ ပြောထားတာပါ။

မိုမိုလေးချစ်ပရိသတ်တွေလည်း အလှူရှင်နောက်တစ်ဦး အမြန်ဆုံး ရှာဖွေတွေ့ရှိဖို့နဲ့ ကစ်ကစ်ရဲ့ကျန်းမာရေး ကောင်းမွန်လာဖို့ ဆုတောင်းစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။

Myint Myat
Source;Khin Thazin's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။