မွန်ပြည်နယ်ရေဘေးအတွက် ဖြိုးမြတ်အောင် အလှူခံတာ သိန်း (၁၆၀) နီးပါး ရရှိ

Posted on - Aug 14 []

Myint Myat

စာရေးသူ

Myanmar Idol Season (3) ပြိုင်​ပွဲ ကြီးရဲ့ Winner ဆုရှင်​ ဖြိုးမြတ်​​အောင်​က​တော့ ရိုးရိုး​အေး​အေး​နေထိုင်​တတ်​သူတစ်​ဦးမို့ ပရိသတ်​​တွေက အချစ်​ပို​နေကြရတာပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ဖြိုးမြတ်​​အောင်​က မွန်​ပြည်​နယ်​ ​ရေ​ဘေး​သင့်​​ဒေသသို့ သွား​ရောက်​လှူဒါန်းဖို့အတွက်​ အလှူခံ​နေတာ သိန်း (၁၆၀) နီးပါး ရရှိ​နေပြီလို့ လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ထိထိ​ရောက်​​ရောက်​ ကူညီနိုင်​ဖို့ ဒီလောက်ထိများတဲ့ အလှူရှင်​​တွေကို စုစည်း​ပေးနိုင်​တဲ့ ဖြိုးမြတ်​​အောင်​က​တော့ တကယ့်​ကို လူချစ်​လူခင်​ ​ပေါသူတစ်​ဦးပါပဲ​နော်​။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မွန်​ပြည်​နယ်​​ရေ​ဘေးအတွက်​ အင်​တိုက်​အားတိုက်​ လုပ်​​ဆောင်​​နေတဲ့ အဆိုတော် ဖြိုးမြတ်​​အောင်ရဲ့​ အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဖြိုးမြတ်အောင်ကတော့ "မွန်ပြည်နယ် ရေဘေးအတွက် အလှူရှင်စာရင်း စုစုပေါင်း - (15,907,500) ကျပ်တိတိ (12.8.2019) ည (၈) နာရီ မှ (13.8.2019) နေ့လည် (၁၂) နာရီ အထိ ရရှိငွေ - (4,788,500) ကျပ် ပထမနေ့ ရရှိငွေ - (1,745,000) ကျပ် ဒုတိယနေ့ ရရှိငွေ - (6,304,500) ကျပ် တတိယနေ့ ရှိငွေ - (3,069,500) ကျပ်" ဆိုပြီး စုစုပေါင်း သိန်း (၁၅၉) သိန်းကျော် ရရှိထားတဲ့အကြောင်း ပွင့်လင်းမြင်သာစွာ လူမှုကွန်ယက်မှာ တင်ထားတာပါ။

လက်ရှိမြန်မာနိုင်ငံ မွန်ပြည်နယ်မှာ ရေဘေးသင့်ဒုက္ခကို ခံစားနေကြရတာပါ။ အခက်အခဲဖြစ်နေသူတွေ အမြောက်အများရှိနေတာကြောင့်လည်း ကယ်ဆယ်ရေးများစွာသွားရောက်နေကြတာ တွေ့ရပါတယ်။

မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း သုံးရက်ကျော်အတွင်းမှာ သိန်းရာကျော်အထိ အလှူခံနိုင်​ခဲ့တဲ့ြ​ဖိုးမြတ်​​အောင်ရဲ့​ ကုသိုလ်​ကို သာဓု​ခေါ်သွားကြပါဦး​နော်​။

Myint Myat
Source:Phyo Myat Aung's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။