၂၀၁၉ မှာထွက်ရှိတဲ့ နာမည်ကြီးအဖွဲ့အသစ်များ

Posted on - Aug 14 []

Shoonie JiJi

စာရေးသူ

၂၀၁၉ ထဲမှာတော့ စီနီယာတွေကိုအမှီလိုက်မယ့် ပွဲဦးထွက်မှာတင်နာမည်ကြီးလာတဲ့အဖွဲ့သစ်တွေထွက်ရှိခဲ့ပါတယ်။ ရိုးရိုးကုမ္ပဏီအသေးလေးတွေကထွက်တဲ့အဖွဲ့ကတော့ ပရိသတ်ရှေ့များများရောက်ပြီးလူသိများအောင် နှစ်နဲ့ချီနေရာယူကြရတာဖြစ်ပါတယ်။ နှစ်နဲ့ချီကြာအောင်တောင် နာမည်မရှိတဲ့အဖွဲ့တွေအများကြီးပါ။Entertainment အကြီးတွေက ပွဲဦးထွက်တဲ့အဖွဲ့တွေကတော့ လူစိတ်ဝင်စားများကြလို့ပွဲဦးထွက်မှာတင် အောင်မြင်မှုရကြတာပဲဖြစ်ပါတယ်။ ၂၀၁၉ ရဲ့ နာမည်ကြီးအဖွဲ့သစ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

TXT

TXT ကတော့ BIG HIT Entertainment ကနေပွဲဦးထုတ်ပေးတဲ့အဖွဲ့သစ်ပဲဖြစ်ပါတယ်။ Big Hit မှာ BTS တစ်ဖွဲ့ပဲ
ရှိတဲ့အတွက်ကြောင့် အဖွဲ့သစ်ကို ပရိသတ်အများအပြားက စိတ်ဝင်စားခဲ့ကြတာပဲဖြစ်ပါတယ်။ TXT ဟာ အဖွဲ့ဝင် ၅ယောက်နဲ့အတူ "Crown" သီချင်းနဲ့အတူ မတ်လ ၄ရက် မှာပွဲဦးထွက်ခဲ့ကြပါတယ်။ ပွဲဦးထွက်အဖွဲ့တွေထဲ အယ်လ်ဘမ်အရောင်းရဆုံးအဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။အဖွဲ့သစ်တွေရနိုင်ဖို့မလွယ်တဲ့ Music Show မှာ ပထမနေရာကိုရရှိခဲ့ပါတယ်။ Brand of the Year Awards နဲ့Genie Music Awards မှာ အကောင်းဆုံးယောကျာ်းလေးအဖွဲ့သစ်ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ TXT ဆီမှာစီနီယာအဖွဲ့ဖြစ်တဲ့ BTS အငွေ့အသက်လေးတွေအများကြီးရနိုင်မှာပါ။

ITZY

ITZY ကတော့ အဖွဲ့ဝင် ၅ ယောက်ပါဝင်ပြီး JYP က ပွဲဦးထုတ်ပေးတဲ့ မိန်းကလေးအဖွဲ့အသစ်ပဲဖြစ်ပါတယ်။ Wonder girl,MISS A,Twice တို့ရဲ့ဂျုနီယာအဖွဲ့ဖြစ်တဲ့ ITZY ဟာလည်းပွဲဦးထွက်မှာတင် လူအများရဲ့ချစ်ခင်မှုရခဲ့တဲ့အဖွဲ့သစ်ပါ။ ITZY ဟာ "Dalla Dalla" သီချင်းနဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပြီး youtube မှာ ကြည့်ရူနူန်းအများဆုံးအဖွဲ့သစ်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ပွဲဦးထွက်ပြီး ၉ ရက်အကြာမှာတင် Music show မှာ ပထမနေရာရရှိခဲ့တဲ့အတွက် Music show မှာအမြန်ဆုံးဆုရှိခဲ့တဲ့အဖွဲ့ဖြစ်ခဲ့ပါတယ်။ Comeback အနေနဲ့ ICY သီချင်းအသစ်ထွက်ရှိထားပါတယ်။ ITZY ဟာ ကိုရီးယား Music chart တွေမှာ ထိပ်နေရာကြာရှည်ရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ သူတို့သီချင်းတွေကတော့ စီနီယာအဖွဲ့ဖြစ်တဲ့ Twice နဲ့ ပုံစံတွေကွဲပြားတာကို မြင်တွေ့ရမှာပါ။

AB6IX

AB6IX ကတော့ သာမန်ကုမ္ပဏီက ပွဲဦးထွက်တာဖြစ်ပါတယ်။ အဖွဲ့ဝင် ၂ ယောက်ကတော့ Wanna One အဖွဲ့ကပါ။ "Breathe" သီချင်းနဲ့ပွဲဦးထွက်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကိုယ်တိုင် အယ်လ်ဘမ်ထဲမှာ သီချင်းတွေပါဝင်ရေးစပ်ထားခဲ့ပြီး ကကွက်တွေကိုဖန်တီးနိုင်တဲ့ အရည်အချင်းရှိတဲ့ အဖွဲ့သစ်လည်းဖြစ်ပါတယ်။ ဒုတိယအယ်ဘမ်အရောင်းရဆုံး အဖွဲ့သစ်လည်းဖြစ်ပြီး Music show မှာ ပထမနေရာကိုရခဲ့သူတွေလည်းဖြစ်ပါတယ်။Genie Music awad ပွဲမှာ Next Generation Star ဆု ကိုရှိခဲ့ပါတယ်။ အခုလတ်တလော နို်င်ငံတကာ Fan meeting တွေ့ဆုံပွဲတွေလုပ်နေကြတာပဲဖြစ်ပါတယ်။

X1

Mnet ရဲ့ Produce အစီစဉ်ကထုတ်ပေးမဲ့ X1 ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာတင် ပွဲဦးထွက်တော့မှာဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၁ ယောက်ပါရှိပြီ: ရုပ်ရည်ရော အရည်အချင်းတွေပါရှိကြတဲ့ သူတွေပဲဖြစ်ပါတယ်။စီနီယာအဖွဲ့တွေဖြစ်တဲ့ IOI,WANNA ONE,IZ*One တို့ဟာလည်း ပွဲဦးထွက်နဲ့တင် အောင်မြင်မူတွေရရှိခဲ့ကြတာဖြစ်လို့ X1 ကလည်း အသေအချာပါပဲ။ Produce အစီစဉ်မှာတင် လူအများရဲ့စိတ်ဝင်စားမှုကိုခံရပြီးပရိသတ်အများအပြားရှိတဲ့သူတွေလည်းဖြစ်ပါတယ်။ပွဲဦးထွက်ပွဲကို တော်ရုံအဖွဲ့သစ်တွေမလုပ်နိုင်တဲ့ လူ ၂သောင်းဆံတဲ့ Gochoek sky dome မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခြားအဖွဲ့သစ်တွေထက် အောင်မြင်မှုကိုရသွားမလားဆိုတာ စိတ်ဝင်စားစွာစောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။

winkie

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။