လက်ရှိ ကိုရီးယားမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်နေတဲ့ အနုပညာရှင် (၁၁) ယောက်

Posted on - Aug 14 []

Mia Zin

စာရေးသူ

အခုတင်ဆက်ဖော်ပြပေးမယ့် လက်ရှိ ကိုရီးယားမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်နေတဲ့ အနုပညာရှင်များရဲ့ စာရင်းကတော့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူပေါင်း အယောက် ၁၀၀၀ ရဲ့ စစ်တမ်းကောက်ယူမှုကနေ ထွက်ပေါ်လာတဲ့ အဆင့်သတ်မှတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်အနုပညာရှင်တွေများ လက်ရှိအချိန် ကိုရီးယားမှာ လွှမ်းမိုးမှုတွေမြင့်မားနေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ပါဦး။

11. Jung Woo Sung

နာမည်ကြီး သရုပ်ဆောင်၊ မော်ဒယ်၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာဖြစ်တဲ့ Jung Woo Sung ကတော့ မဲအရေအတွက် ၁.၉ ရာခိုင်နှုန်းရရှိထားပါတယ်။ သူဟာ UNHCR ရဲ့ ပထမဆုံးသော ကိုရီးယားလူမျိုး သံတမန်တစ်ယောက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာလည်း နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

10. Lee Soon Jae

ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တဲ့ Lee Soon Jae ကတော့ နှစ်ပေါင်း ၆၀ ကျော်မျှ သရုပ်ဆောင်လောကမှာကျင်လည်ခဲ့တဲ့ မင်းသားကြီးတစ်ယောက်ဖြစ်ပြီး သူဟာလည်းပဲ Jang Woo Sung လိုမျိုးပဲ မဲအရေအတွက် ၁.၉ ရာခိုင်နှုန်းရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသားကြီးရဲ့ အသက်က ၈၄ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

9. Choi Bool Am

နောက်ထပ်ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ Choi Bool Am ကတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်လက်ဖြစ်ယုံသာမကပဲ ပရော်ဖက်ဆာတစ်ဦးလည်း ဖြစ်ပါသေးတယ်။ သူကတော့ စစ်တမ်းကောက်ယူမှုအရ မဲအရေအတွက် ၂ ရာခိုင်နှုန်းကို ရရှိထားပါတယ်။

8. Park Jin Young

အဆိုတော် Park Jin Young ကိုတော့ ပရိသတ်တွေအတော်များများက JYP Entertainment ရဲ့ တည်ထောင်သူ CEO အဖြစ်နဲ့အသိများကြပါတယ်။ သူကတော့ မဲအရေအတွက် ၂.၂ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။

7. Lee Soo Man

SM Entertainment ရဲ့ တည်ထောင်သူ Lee Soo Man ကတော့ K-pop ဆိုတာကို ကမ္ဘာမှာလက်ခံအားပေးလာအောင် ဖန်တီးပေးခဲ့သူတစ်ယောက်ဖြစ်ပြီး သူကတော့ မဲအရေအတွက် ၂.၃ ရာခိုင်နှုန်းရရှိထားပါတယ်။

6. Song Kang Ho

နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ Song Kang Ho ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင်အကောင်းဆုံးသောသူတွေထဲက တစ်ယောက်အဖြစ်နဲ့ သတ်မှတ်ခံထားရတာဖြစ်ပြီး သူကတော့ မဲအရေအတွက် ၃.၅ ရာခိုင်နှုန်းရရှိထားပါတယ်။

5. Sohn Suk Hee

နာမည်ကျော် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ JTBC ရဲ့ CEO ဖြစ်သူ Sohn Suk Hee ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မီဒီယာတွေအကြားမှာ လွှမ်းမိုးမှုအရှိဆုံးသောသူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ မဲအရေအတွက် ၄.၁ ရာခိုင်နှုန်းရရှိထားပါတယ်။

4. Kang Ho Dong

နာမည်ကျော် MC တစ်ယောာက်ဖြစ်တဲ့ Kang Ho Dong ကတော့ အရင်တုန်းက နပန်းသမားတစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ တင်ဆက်သူတစ်ယောက်အဖြစ်နဲ့ လှုပ်ရှားလျှက်ရှိသူဖြစ်ပါတယ်။ “National MC” လို့ အသတ်မှတ်ခံထားရတဲ့သူတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့သူကတော့ မဲအရေအတွက် ၇.၆ ရာခိုင်နှုန်းရရှိထားပါတယ်။

3. Kim Jae Dong

နာမည်ကြီး ဟာသသရုပ်ဆောင်နဲ့ တင်ဆက်သူဖြစ်တဲ့ Kim Jae Dong ကတော့ မဲအရေအတွက် ၁၁ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ နေရာမှာရှိလို့နေပါတယ်။

2. Yoo Jae Suk

“National MC” လို့ အသတ်မှတ်ခံထားရသူတစ်ယောက်ဖြစ်တဲ့ Yoo Jae Suk ကတော့ နာမည်ကြီး ဟာသသရုပ်ဆောင်နဲ့ တင်ဆက်သူဖြစ်ပါတယ်။ နာမည်ကြီးတီဗွီံအစီအစဉ်တွေဖြစ်တဲ့ Running Man, Happy Together နဲ့ Infinite Challenge တို့ရဲ့ ပင်တိုင်တင်ဆက်သူဖြစ်တဲ့သူဟာ ကိုရီးယားလူမျိုးတွေရဲ့ သည်းသည်းလှုပ်အချစ်ခံရသူတစ်ယောက်ဖြစ်ပြီး မဲအရေအတွက် ၂၃.၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပါတယ်။

1. BTS

ကမ္ဘာကျော် K-pop Idol အဖွဲ့ဖြစ်တဲ့ BTS ကတော့ လက်ရှိတောင်ကိုရီးယားရဲ့ လွှမ်းမိုးမှုအရှိဆုံးသောအနုပညာရှင်တွေရဲ့ စာရင်းမှာပါဝင်နေယုံသာမကပဲ Forbes မဂ္ဂဇင်းက ရွေးချယ်သတ်မှတ်ပေးတဲံ့ လွှမ်းမိုးမှုအရှိဆုံးသော နိုင်ငံတကာအနုပညာရှင်တွေရဲ့စာရင်းမှာလည်းပါဝင်နေတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ Forbes က သတ်မှတ်ထားတဲ့စာရင်းမှာတော့ နံပါတ် ၄၃ နေရာမှာရှိနေပြီး ကျွမ်းကျင်သူကိုရီးယားလူမျိုးရဲ့ မဲပေးမှုမှာတော့ ၂၉ ရာခိုင်နှုန်းရရှိကာ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။