ရာသီသစ်မစခင်မှာပဲ ရီးရဲကနေ ပြန်ထွက်ခွာသွားနိုင်တဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတဲ့ ဂျိုဗစ်

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

လူကာဂျိုဗစ်ရဲ့ ကံကြမ္မာကတော့ မမျှော်လင့်ထားပဲနဲ့ ဆိုးရွားတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်လာခဲ့ရပြီလို့ပဲ ဆိုရမှာပါ။ လူကာဂျိုဗစ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဖရန့်ဖတ်အသင်းကနေ ရီးရဲအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၆၂) သန်းနဲ့ပြောင်းရွှေ့လာခဲ့ပါပြီး နွေရာသီမှာ ဇီဒန်းရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပြောရရင် ဂျိုဗစ်ဟာ ရီးရဲရဲ့ တတိယမြောက်ကြယ်စင်စုစီမံကိန်းမှာ သူရဲကောင်းတစ်ဦးအနေနဲ့ ရောက်ရှိလာခဲ့တာပါ။

ဂျိုဗစ်ဟာ လာမယ့်ရာသီသစ်မှာ ရီးရဲအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မယ့်သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဒရစ်အိပ်မက်လျှောက်လှမ်းဟာ ဂျိုဗစ်ထင်ထားတာထက် အများကြီး ပိုမိုခက်ခဲကြမ်းတမ်းခဲ့ပါတယ်။

ရီးရဲနဲ့ (၂) လကြာ ဖြတ်သန်းပြီးနောက်မှာတော့ ဂျိုဗစ်ဟာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဂျိုဗစ်ဟာ ရာသီကြိုပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် အသင်းနဲ့အံ့ဝင်ဖို့ ရုန်းကန်ခဲ့ရပြီး သွင်းဂိုးတစ်ဂိုးမှလည်း သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် ဂျိုဗစ်ဟာ နယ်မြေပြောင်းလဲမှုအခက်အခဲကြားမှာ အထိုင်ကျဖို့ ရုန်းကန်နေခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ရီးရဲမက်ဒရစ်အသင်းမှာ အပြောင်းအရွှေ့မပိတ်သိမ်းခင်မှာပဲ ဂျိုဗစ်ကို အခြားအသင်းတစ်သင်းထံ အငှားချသွားဖို့ စီစဉ်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဂျိုဗစ်ဟာ ရီးရဲအသင်းနဲ့ (၆)နှစ်စာချုပ်သက်တမ်းချုပ်ဆိုထားသူဖြစ်ပါတယ်။ တတိယမြောက်ကြယ်စင်စုစီမံကိန်းမှာ အားကိုးတကြီးခေါ်ယူထားခဲ့တဲ့ဂျိုဗစ်ရဲ့ မက်ဒရစ်လျှောက်လှမ်းက ခရောင်းလမ်းအဖြစ် စတင်ကူးပြောင်းလာခဲ့ရပြီပဲ ဖြစ်ပါတယ်။

Ref: Daily Mail

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။