ရေဘေးသင့် ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းသုံးပစ္စည်းတွေ အလှူခံနေတဲ့ ချမ်းချမ်း

Posted on - Aug 14 []

Rowena

စာရေးသူ

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ်ရဲ့ ရေကြီးရေလျှံမှုကြောင့် လူတော်တော်များများ သေဆုံးခဲ့ရပြီး အိမ်ထောင်စုပေါင်းများစွာ အိုးအိမ်ဥစ္စာတွေ ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေလျက် ရှိပါတယ်။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက အခုဆိုရင် ရေကြီးရေလျှံမှုနဲ့ လွတ်ကင်းသွားပြီ ဖြစ်ပေမယ့် ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေရလျက် ရှိပါတယ်။

အဆိုတော်မလေး ချမ်းချမ်းကလည်း ရေဘေးသင့်ပြည်သူတွေအတွက် သူမကိုယ်တိုင် အလှူခံပြီး အလှူဒါနတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ မနေ့က သြဂုတ်လ(၁၃) ရက်နေ့က အဆိုတော် ချမ်းချမ်းက သူမကိုယ်တိုင် မွန်ပြည်နယ်သို့ ဆင်းပြီး သိန်း (၈၀) ကျော်အထိ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ချမ်းချမ်းက မွန်ပြည်နယ်က ရေဘေးသင့် ကျောင်းသား ကျောင်းသူတွေအတွက် ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းသွားမယ့်အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

"သား​တေသမီး​တေ စာသင်​​ကျောင်း​ရေပြန်​ကျသွားပြီမို့ စာပြန်​သင်​နိုင်​​အောင်​ ​နောက်​လှူမယ့်​အလှူရှင်​များ စား​ရေးကိရိယာများလဲ လှူဒါန်း​ပေးဖို့ ဆရာ​တော်​ဘုရားကတိုက်​တွန်းထားပါတယ်​..က​လေး​တေရဲ့ ပညာ​ရေးအတွက်​တတ်​နိုသ်​သမျှလှူဒါန်းရ​အောင်​​နော်​..." ဆိုပြီး အလှူခံနေတာကို တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း တကယ်ကို လိုအပ်နေတဲ့ ရေဘေးသင့်နေရာတွေကို သွားရောက်လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ချမ်းချမ်းနဲ့ ပါဝင်ကူညီကြတဲ့ အလှူရှင်တွေအကုန်လုံးရဲ့ကုသိုလ်ကို သာဓုခေါ်သွားကြပါဦးနော်။

Rowena
Source: Chan Nyein's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။