ရေဘေးအတွက် ဂျပန်ရောက်မြန်မာလူငယ်တွေနဲ့ အတူ အလှုငွေကောက်ခံခဲ့တဲ့ ဟန်နီထွန်း

Posted on - Aug 14 []

May Phyo

စာရေးသူ

တစ်ချိန်က မြန်မာနိုင်ငံမှာ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရင်းနေထိုင်နေသူတစ်ဦးဖြစ်တဲ့ ဟန်နီထွန်းက သူချစ်တဲ့ မြန်မာပြည်ကြီး မှာ ကြုံတွေ့နေရတဲ့ အရေးကိစ္စကို တက်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးလိုက်ပါတယ် ။ ဟန်နီထွန်းက မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခအတွက် ဂျပန်ရောက်မြန်မာလူငယ်တွေ စုစည်းကာ လူစည်ကားတဲ့ နေရာမှာ အလှူငွေကောက်ခံ လျက်ရှိပါတယ်။ သူမအပါအ၀င် ဂျပန်လူငယ်တွေဟာ လာမယ့် (၁၈)ရက်နေ့ မှာလဲ တာကာဒါနိုဘာ ဘာဘူတာရှေ့(မြန်မာရပ်ကွက်)မှာ အလှူငွေများ ထပ်မံကောက်ခံသွားဖို့ရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ(၈)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနှု့် တောင်းကျချောင်းရေ တို့ကြောင့် မွန်ပြည်နယ်အတွင်းရှိ ဒေသတော်တော်များများမှာ ရေကြီးမှုတွေ မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးခဲ့တဲ့ မိသားစုတွေလဲရှိခဲ့ကာ ပျက်ဆီးဆုံး၇ှုံးမှုတွေလဲ များခဲ့ပါတယ်။ လက်ရှိသတင်းရရှိချက်အရ ကတော့ ကယ်ဆယ်ရေး စခန်း ၁၂ခုရှိနြေ့ပီး အဆိုပါကယ်ဆယ်ရေးစခန်းတွေမှာ ရေဘေးသင့်ပြည်သူပေါင်း ၆ထောင်ကျော် ရှိခဲ့တယ်လို့ လဲ သိရပါတယ်။

ဂျပန်ရောက်မြန်မာလူငယ်တွေရဲ့ တိုက်တွန်းနှိုးဆော်မှုလေးကတော့ “မိုးသည်းထန်စွာရွာသွန်းမှုနှင့်တောင်ကျချောင်းရေတို့ကြောင့် မွန်ပြည်နယ်အတွင်းရှိပြည်သူများ ရေကြီးမှုအန္တရာ ယ်နှင့်ြ ကုံတွေ့ေ နရကြောင်းကြားသိရပါတယ်ခင်ဗျည။ သဘာဝဘေးအန္တရာယ်ရေကြီးမှုနှင့် ရင်ဆိုင်နေရသော မွန်ပြည်နယ်ရှိတိုင်းရ င်းသားညီအကိုမောင်နှမများအားကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် စာနာသော ဂရဏာ၊မေတ္တာတရားများဖြ င့်ဂျပန်ရောက်ပြည်ထော င်စုမြန်မာနိုင်ငံသားများအနေဖြင့်သဒ္ဒါတရားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်အွန်လိုင်း မှသော်လည်းကောင်း၊၊တာကာဒါနိုဘာဘာဘူ တာရှေ့၊မြန်မာရပ်ကွက်အောက်ဖော်ပြပါအလှုခံထွက်မည့်နေရာသို့လာရောက်ထည့်ဝင်လှုဒါန်းခြင်း၊လုပ်အားဒါနအဖြစ်အလှုခံပေးခြင်းများအား ဂရုဏာ၊မေတ္တာတရားရှေ့ထားပြီးပါဝင်နိုင်ကြပါကြောင်း အသိပေး နှိုးဆော်လိုက်ပါသည်” ဆိုကာ သီချင်းသီဆိုပြီး အလှူငွေကောက်ခံခဲ့တဲ့ ဗီဒီယို လေးကိုလဲ မျှဝေပေးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှလဲ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပြီး အနုပညာရှင်များစွာနဲ့ ပရဟိတအဖွဲ့အစည်းတွေကနေ လဲ အဆိုပါဒေသတွေအထိ ရောက်အောင် သွားရောက်လုပ်ဆောင်နေကြပါတယ်။ ဖတ်ရှု့မိတဲ့ ပရိသတ်တွေအနေနဲ့လဲ မွန်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် ပါဝင်ကူညီပေးကြပါဦးနော်။

အလှူငွေကောက်နေတဲ့ ဗီဒီယို

KKK(MML)
Source - Honey tun

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။