အခုမှ ပြီးပြည့်စုံသွားတဲ့ ထိုးကွင်းမှင်ကြောင်တွေကိုချပြပြီး မြန်မာ့သွေးအပြည့်ရှိသူဆိုတာပြလိုက်တဲ့ ဒေ့ဗ်

Posted on - Aug 14 []

Myint Myat

စာရေးသူ

ကနေဒါနိုင်ငံဖွားဒေ့ဗ် (ခေါ်) ဒေ၀ဟာ မြန်မာလက်ဝှေ့ကို အလွန်အမင်းဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဒေ့ဗ်ဟာ မြန်မာလက်ဝှေ့လောကထဲကို ၀င်ရောက်လာခဲ့ပြီး အချိန်တိုအတွင်းမှာပဲ ချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မြန်မာလက်ဝှေ့အပေါ် ၀ါသနာကြီးလွန်းတဲ့ဒေ့ဗ်ဟာ မြန်မာပြည်ကို ချစ်မြတ်နိုးပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွေကိုလည်း လေးစားတန်ဖိုးထားသူ ဖြစ်ပါတယ်။

ဒါကြောင့် ဒေ့ဗ်ရဲ့စိတ်ထဲမှာ မြန်မာသွေးတွေ လွှမ်းမိုးနေပြီလို့ ဆိုရမှာပါ။ ဒေ့ဗ်ဟာ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားကြောင်း ပြသတဲ့အနေနဲ့ ထိုးကွင်းမှင်ကြောင်တွေကို ရေးထိုးခဲ့ပါတယ်။ အခုအခါမှာလည်း ဒေ့ဗ်ဟာ ထိုးကွင်းမှင်ကြောင်တွေကို ပြီးပြည့်စုံစွာ လုံးဝအဆုံးသတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒေ့ဗ်ဟာ အဲဒီထိုးကွင်းမှင်ကြောင်ကို (၂) ခါခွဲထိုးရပြီး စုစုပေါင်း (၂၅) နာရီကျော်ကြာ နာကျင်မှုဝေဒနာကို ခံစားရပြီး ရေးထိုးခဲ့ပါတယ်။ အခုလို ထိုးကွင်းမှင်ကြောင်တွေ ပြီးပြည့်စုံစွာ ရေးထိုးနိုင်ခဲ့တဲ့အတွက် ဒေ့ဗ်ဟာ သူ့အနေနဲ့ အလွန်အမင်းပျော်ရွှင်လျက်ရှိနေကြောင်းလည်း လှုမှုကွန်ရက်မှာ ဖွင့်ဟသွားခဲ့ပါတယ်။

"(၂၅) နာရီကျော်ကြာ နာကျင်မှုတွေကို ခံစားရပြီးနောက် အခုလို ပြီးပြည့်စုံတဲ့ မြန်မာ့လက်ဝှေ့တက်တူးဖြစ်တဲ့ ထိုးကွင်းမှင်ကြောင်ကို ပြသနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ရွှင်နေပါတယ်။ မရေမတွက်နိုင်တဲ့နာရီပေါင်းများစွာ နာကျင်ခံစားခဲ့ရပေမယ့် တိုက်စစ်ရေးသမားကောင်းဆိုတာ သန်မာပြီး အဆင်သင့်ဖြစ်နေရပါတယ်။ ဒီထိုးကွင်းတွေဟာ သင့်ရဲ့ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ဖို့လည်း ဖြစ်တယ်"ဆိုပြီး ဒေ့ဗ်က ဖွင့်ဟသွားခဲ့တာပါ။

ဘာပဲပြောပြော ဒေ့ဗ်ကတော့ ပြီးပြည့်စုံသွားတဲ့ ထိုးကွင်းမှင်ကြောင်တွေကို ချပြပြီးမြန်မာ့သွေးရှိသူတစ်ယောက်ဆိုတာ ပြသသွားခဲ့ပါပြီ။ ဒေ့ဗ်ကတော့ မြန်မာ့သွေးပါပြီး မြန်မာ့လက်ဝှေ့အတွက် အားကိုးအားထားပြုရမယ့်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပြီးပြည့်စုံသွားတဲ့ ထိုးကွင်းတွေကို ချပြလိုက်တဲ့ ဒေ့ဗ်

Myint Myat

Dave Facebook Page

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။