ချဲလ်ဆီးကို (၄) ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကြည်နူးစရာကောင်းခဲ့တဲ့ မန်ယူနဲ့ မော်ရင်ဟိုကြားကဆက်ဆံရေး

Posted on - Aug 14 []

Gunner Ksr

စာရေးသူ

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာတော့ အဓိကပြိုင်ဘက် ချဲလ်ဆီးအသင်းကို (၄) ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ပါတယ်။ မန်ယူဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာကတည်းက တောက်လျှောက် ခြေစွမ်းပြကာ နိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာလည်း မန်ယူအသင်းဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး မက်ဂွဲရား၊ ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်စတဲ့ လူသစ်ကစားသမားတွေကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ကွင်းထဲက နှစ်သင်းစလုံးရဲ့ ယှဉ်ပြိုင်မှုက အကြိတ်အနယ်ရှိပြီး စိတ်ဝင်စားစရာကောင်းသလို ကွင်းပြင်ပက အကြောင်းအရာတစ်ခုကလည်း စိတ်ဝင်စားစရာပါပဲ။ အဲဒီအချိန် အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ နှစ်သင်းစလုံးရဲ့နည်းပြဟောင်း မော်ရင်ဟိုက ဒီပွဲစဉ်ကို ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက မန်ယူကေန ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး လက်ရှိအချိန်မှာ Sky Sports ရဲ့ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတာပါ။ သူ့ရဲ့ပွဲဦးထွက်ပွဲစဉ်က အသင်းဟောင်းနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်နေတာက မော်ရင်ဟိုအတွက် အမှတ်တရကောင်းလွန်းခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူပရိသတ်တွေဟာ ကွင်းအတွင်းမှာရှိနေတဲ့ မော်ရင်ဟိုရဲ့နာမည်ကို သီချင်းအော်ဟစ်သီဆိုခဲ့ကြသလို မော်ရင်ဟိုကလည်း မန်ယူပရိသတ်တွေကို လက်ဝှေ့ယမ်းပြကာ ပြုံးပြခဲ့ပါတယ်။

ဒါကြောင့် အိုးထရက်ဖို့ဒ်ကွင်းထဲက မန်ယူပရိသတ်တွေနဲ့ မော်ရင်ဟိုရဲ့ ဆက်ဆံရေးကတော့ တကယ့်ကို မြင်သူတိုင်းအတွက် ကြည်နူးစရာမြင်ကွင်းလေးတစ်ခုပါပဲလို့ ဆိုရမှာပါ။

Ref: The Sun

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။