မုန့်​ဟင်းခါးကို တစ်​ပွဲ တစ်​​သောင်း​ကျော်​ ​ပေးစားခဲ့ရလို့ ​ရှောခ့်​ရသွားတဲ့ နိုင်းဝမ်း

Posted on - Aug 14 []

Myint Myat

စာရေးသူ

အဆို​တော်​ နိုင်းဝမ်းက​တော့ ပရိသတ်​​တွေ​ကြွေတဲ့ အနုပညာကို ဖန်​တီးထားနိုင်​သူတစ်​ဦးဖြစ်​ပြီး သာယာ​ပျော်​ရွှင်​တဲ့ အချစ်​​ရေးကိုလည်း ပိုင်​တးဆိုင်​ထားသူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ နိုင်းဝမ်းက လတ်​တ​လော နာမည်​ကြီး​နေတဲ့ တစ်​​သောင်း​ကျော်​တန်​ မုန့်​ဟင်းခါးကို သွားစားမိတာ​ကြောင့်​ ​ရှော့်​ရသွားတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

မိုမို​လေးချစ်​ပရိသတ်​​တွေ​အတွက်​ တဲ​လေးထိုးပြီး ​ရောင်းတဲ့ဆိုင်​မှာ မုန့်​ဟင်းခါး တစ်​ပွဲ တစ်​​သောင်း​ကျော်​တန်​ ဝယ်​စားမိခဲ့လို့ ​ရှော့ခ်​ရသွားတဲ့ အ​ကြောင်း ​ပြောလာတဲ့ နိုင်းဝမ်းရဲ့အ​တွေ့အကြုံ​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

နိုင်းဝမ်းက​တော့ "မနက်မိုးလင်း ဗိုက်ဆာဆာနဲ့ တဲလေးထိုးပြီးရောင်းတဲ့ဆိုင်မှာ မုန့်ဟင်းခါးထဲ ပုဇွန်ကြော်၊ငါးဖယ်၊ဘဲဥ၊ငါးသလောက်ဥ ထည့်ပြီး ၂ပွဲ အမုန်းတွယ်ပလိုက်တယ်...မုန့်ဟင်းခါးဆို အရည်ပျစ်ပျစ်မှကြိုက်တဲ့ ကိုယ်ဒေအတွက်တော့ ဟင်းရည်ကြဲကြီးနဲ့မို့ စားရတာအဆင်မပြေ..ဘေရှင်းတော့ ၂၃၀၀၀ တဲ့🤭🤭🤭ဆိုင်ရှင်ကလဲ ကိုယ့်ကို အမုန်းတွယ်၊ ခြင်ကလဲခြေထောက်ကို အမုန်းပြန်တွယ်သွားတယ်🤤🤤🤤" ဆိုပြီး တစ်​ပွဲ တစ်​​သောင်း​ကျော်​​ပေးစားခဲ့ရ​ပေမယ့်​ သူ့အတွက်​ အဆင်​မ​ပြေတဲ့အ​ကြောင်း ​ပြောထားတာပါ။

အဆို​တော် နိုင်းဝမ်းက​တော့ လတ်​တ​လောမှာ အနုပညာလှုပ်​ရှားမှု​တွေ လုပ်​ဖြစ်​​နေပြီး ​အရမ်းချစ်​တဲ့ ချစ်​သူ​လေးနဲ့ သာယာ​ပျော်​ရွှင်​တဲ့ အချစ်​​ရေးကို ဖန်​တီးပုံ​ဖော်​ထားတာပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေ​လည်း တဲ​လေးနဲ့​ရောင်းတယ်​ဆိုပြီး ပိုက်​ဆံနည်းနည်းရှိရုံနဲ့ ​တွေ့တဲ့မုန့်​ဟင်းခါးဆိုင်​ကို ဝင်​မစားမိ​စေဖို့ ဗဟုသုတအ​နေနဲ့ ​ဖော်​ပြ​ပေးလိုက်​ရပါတယ်​​နော်​။

Myint Myat
Source:Phway Phway's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။