အမျိုးသားပရိသတ်တွေရဲ့ ဆိုးရွားလှတဲ့အပြုအမူတွေကြောင့် နာကျင်ခံစားခဲ့ရတဲ့အမျိုးသမီး Idolများ

Posted on - Aug 14 []

Rowena

စာရေးသူ

အနုပညာရှင်ဆိုတာ ပရိသတ်တွေကြောင့် ပျော်ရတာလည်း ရှိကြသလို စိတ်ညစ်ရတဲ့အခါတွေလည်းရှိတတ်ကြပါတယ်။ တချို့သော Sasaeng ပရိသတ်တွေဆိုရင် အသက်အန္တရယ်အထိ ခြိမ်းခြောက်တာမျိုးတွေရှိတတ်ကြပါတယ်။ တချို့တွေကျတော့လည်း စိတ်အနှောက်အယှက်အကြီးအကျယ်ဖြစ်ရတဲ့အထိ ဒုက္ခပေးတတ်ကြပါတယ်။ အမျိုးသမီး Idol တွေဆိုရင် ပိုပြီးသတိထားရတာပါ။ ဘယ်လိုမျိုး Idol တွေက ဘယ်လောက်တောင်ဆိုးဝါးတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့သလဲဆိုတာကို ဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

1. အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရတဲ့ Twice ရဲ့ Mina

တောင်ကိုရီးယား Sasaeng Fan တစ်ယောက်က Mina ကို Got7 က BamBam နဲ့ ကောလဟာလထွက်ချိန်တုန်းက အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အဲဒီပရိသတ်က လက်ကောက်ဝတ်အပေါ်မှာ ဓားတစ်ချောင်းတင်ထားတဲ့ပုံကို "Mina ရေ ငါ့ဆီမှာ ဓားတစ်ချောင်းတော့ရထားပြီးပြီ" ဆိုတဲ့စာသားနဲ့ ပို့စ်တင်ခဲ့ကာ သူ့အနေနဲ့ Mina ကို စောင့်ကြည့်နေကြောင်းကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

2. စင်ပေါ်မှာ သီချင်းဆိုနေစဉ် အမျိုးသားပရိသတ်က ဆွဲခေါ်တာခံခဲ့ရတဲ့ Taeyeon

၂၀၁၁ ခုနှစ်တုန်းက Tayeon က စင်ပေါ်မှာ SNSD အဖွဲ့ဝင်တွေနဲ့အတူတူ ဖျော်ဖြေနေချိန်မှာ အမျိုးသားတစ်ဦးက စင်ပေါ်တတ်လာပြီး Taeyeon ကို အတင်းဆွဲခေါ်သွားတာဖြစ်ပါတယ်။ ထိုလူက စတိတ်စင်အနောက်ကို တိတ်တဆိတ်ဝင်ရောက်ခဲ့ပြီး SNSD ရဲ့ "Run Devil Run" ဖျော်ဖြေနေတဲ့အချိန်မှာ Taeyeon ရဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီးခေါ်သွားခဲ့တာပါ။ ကံကောင်းစွာနဲ့တော့ Taeyeon ဘာမှမဖြစ်ပဲ နောက်ပိုင်းဖျော်ဖြေမှုတွေကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

ဘယ်လိုအတွေးနဲ့ ဒီလိုလုပ်ရတာပါလိမ့်

3. အဆောင်အပြန်လမ်းမှာ နောက်ယောင်ခံလိုက်ခံခဲ့ရတဲ့ Yoona

ဒီအကြောင်းကို Yoona က Strong Heart အစီအစဉ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်က သူမ အဆောင်သို့ပြန်ရာလမ်းမှာ တောက်လျှောက်လိုက်ပါခဲ့တာဖြစ်ပြီး အဆောင်ကို ပြန်ရောက်ချိန်မှာလည်း အဲဒီလူက အဆောင်အခန်းအပြင်မှာ တစ်ချိန်လုံးရှိနေခဲ့တာဖြစ်တယ်လို့ပြောပြပါတယ်။ Yoona က ပထမတော့ကြောက်လန့်နေခဲ့ပြီး နောက်ပိုင်းတော့ အေးဆေးစွာပဲ "ရှင်က ဒီမှာနေတာလား။ ဒီလိုမျိုးတော့ အဆောင်အရှေ့မှာ လာနေလို့မရဘူးနော်" လို့ပြောပြီး ဖြေရှင်းလိုက်တယ်လို့ ဆိုပါတယ်။

4. အမျိုးမျိုးသော အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ရရှိခဲ့တဲ့ Apink

Apink ကိုတော့ သူမတို့ရဲ့ အမျိုးသားပရိသတ်တစ်ယာက်က အသက်အန္တရာယ်ခြိမ်းခြောက်စာတွေပို့ခဲ့တာဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ရသစုံလင်အစီအစဉ်တစ်ခုမှာ Apink အဖွဲ့က သရုပ်ဆောင်သင်တန်းသားများနဲ့ Blind Date လုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

5. စိတ်ပျက်ဖွယ်ကောင်းတဲ့ ပုံဆွဲစာအုပ်ကို ရရှိခဲ့တဲ့ PRISTIN အဖွဲ့ရဲ့ Kyulkyun

Fan Event တစ်ခုမှာ အမျိုးသားပရိသတ်တစ်ယောက်က Kyulkyung ကို အွန်လိုင်းမှာ ခေတ်စားနေတဲ့ပုံစံမျိုးနဲ့ Propose လုပ်ခဲ့တာဖြစ်ပါတယ်။ ပုံဆွဲစာအုပ်တစ်အုပ်မှာ သူဟာ Kyulkyung ကို သေတဲ့ချစ်နေမှာဖြစ်ကြောင်းနဲ့ ဒီနေ့ဒီရက်ဟာ သူ့အတွက်တော့ တကယ်ကို နေ့ထူးနေ့မြတ်ဖြစ်တဲ့အကြောင်းကို ရေးဆွဲထားခဲ့တာပါ။

Ref : Koreaboo
Rowena

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။