သူ့ပရိသတ်တွေနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ပြီးပျော်ရွင်နေတဲ့ တိုင်ရွန်

Posted on - Aug 14 []

Moe Kalay

စာရေးသူ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ​မော်ဒယ်လ် သရုပ်ဆောင် တိုင်ရွန် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ တိုင်ရွန်က ရုပ်ရည် ချောမောပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားရုံအပြင် သရုပ်ဆောင်ပီပြင်တဲ့ သူဖြစ်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ပရိသတ်ကြီးအတွက် တိုင်ရွန် က သူ့ရဲ့ ပရိသတ်တွေရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

တိုင်ရွန်က လက်ရှိမှာ "ငါတို့သည်" ရုပ်ရှင်ဇာတ်ကားကို အလင်းရောင် ၊ ထွန်းကိုကို၊ ခါရာ ၊ သိန်းလင်းစိုး၊နေရဲ၊ ရွှေသမီး၊ ရွှေပိုးအိမ် တို့နဲ့ အတူ သရုပ်ဆောင်ထားတာပါ။ တိုင်ရွန်ပါဝင်ရုပ်ဆောင် ထားတဲ့ ပုရိသ ရုပ်ရှင်ဇာတ်ကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။

ဒီတစ်ခါမှာတော့ တိုင်ရွန်က သူ့ရဲ့ Fan များနဲ့ တွေ့ဆုံခဲ့ပြီး ချစ်ရတဲ့ ပရိသတ်တွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

တိုင်ရွန်က သူ့ရဲ့ ပရိသတ်တွေနဲ့ ရယ်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တာကြောင့် ခုလို ပြောထားပါသေးတယ် ။" အဲ့နေ့အိမ်ပြန်ရောက်တော့ ပါးစပ် စိမရလို့
သွားတွေစောင်ခြုံအိပ်ရတယ် 😬"

သရုပ်ဆောင် မော်ဒယ် တိုင်ရွန် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Tyron

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။