ပရဟိတလုပ်ရင်း မော်လမြိုင်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြတဲ့ ဝေဠုကျော်နဲ့ အေးဝတ်ရည်သောင်း
Rowena
စာရေးသူ
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ရေကြီးရေလျှံမှုနဲ့ ပက်သတ်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ပြည်သူတွေက စုပေါင်းပြီး ကယ်ဆယ်ကူညီရေးတွေ လုပ်ကိုင်ပေးနေလျက် ရှိပါတယ်။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက အခုဆိုရင် ရေကြီးရေလျှံမှုနဲ့ လွတ်ကင်းသွားပြီ ဖြစ်ပေမယ့် ပြည်လင်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေရလျက် ရှိပါတယ်။

ပရဟိတ မင်းသား ဝေဠုကျော်ကလည်း ရေကြီးမှုစတင်ဖြစ်ပွားစဉ်ကတည်းက မော်လမြိုင်နဲ့ ရေးမြို့တွေမှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝေဠုကျော်က မွန်ပြည်နယ် ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှုတွေ လာရောက်ပြုလုပ်တဲ့ မင်းသမီးချော အေးဝတ်ရည်သောင်းနဲ့ မော်လမြိုင်မြို့မှာ အမှတ်မထင် ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

အေးဝတ်ရည်သောင်းကလည်း မော်လမြိုင်က ရေဘေးသင့်ပြည်သူတွေကို လိုအပ်တာတွေ ကူညီလုပ်ဆောင်ပေးဖို့အတွက် သူမရဲ့ ဖခင်နဲ့အတူတူ ဒီကနေ့ပဲ မော်လမြိုင်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ပရဟိတမောင်နှမ နှစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်နဲ့ အေးဝတ်ရည်သောင်းကတော့ ပြည်သူတွေအတွက် စွမ်းစွမ်းတမံ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း ဝေဠုကျော်နဲ့ အေးဝတ်ရည်သောင်းအတွက် အားပေးစကားလေးပြောပေးခဲ့ကြပါဦးနော်။
Rowena
Source:Wai Lu Kyaw Foundation
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Heechul ကို မိန်းကလေးလို့ အထင်လွဲသွားတဲ့ ချစ်သူမိန်းကလေးရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရဖူးတဲ့ Yunho
Dec 5 2019 (58 views)

ပရိသတ်တွေ လုံးဝမကြားချင်တဲ့ စကားတစ်ခွန်းကို ၀မ်းနည်းဖွယ် ပြောချလိုက်တဲ့ မက်ဆီ
Dec 4 2019 (22054 views)

ထိုင်းနိုင်ငံ Kanchanaburi ရုပ်ရှင်ပွဲတော်မှာ မှတ်တမ်းတင်ထိန်းသိမ်းခြင်းခံရတဲ့ ပိုင်တံခွန်ရဲ့ လက်ဗွေရာ
Dec 3 2019 (31036 views)

ကမ်းခြေမှာ အပန်းဖြေနေတဲ့ မေကဗျာ ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်များ
Dec 3 2019 (25746 views)

မန်ယူအသင်း အနိုင်ရသွားခဲ့တဲ့ အဓိကအကြောင်းရင်းကို မကွယ်မ၀ှက် ထုတ်ဖော်ပြောကြားလိုက်တဲ့ မော်ရင်ညို
Dec 5 2019 (9241 views)

အရှိန်လွန်ပြီး မော်ရင်ညိုရဲ့ အောက်ခြေပိုင်းကို ၀င်တိုက်မိခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကြောင့် ပရိသတ်တွေ ပွဲကျ
Dec 5 2019 (17685 views)

နည်းပြရာထူးနဲ့ ပတ်သက်ပြီး ကြားရသူတိုင်း လုံး၀၀မ်းနည်းသွားစေမယ့် စကားဆိုလိုက်တဲ့ ဆိုးလ်ရှား
Dec 4 2019 (11948 views)

ချွဲလွန်းတဲ့ ချစ်ဇနီးကို လက်ပါမိသွားတဲ့အကြောင်း အရွှန်းဖောက်ပြောလာတဲ့ ရွှေထူး
Dec 4 2019 (19667 views)