အိပ်မက်တွေ မိုးထားတဲ့အိမ် 'ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနား

Posted on - Aug 14 []

Moe Kalay

စာရေးသူ

MNTV ရုပ်သံလိုင်းနှင့် Media 7တို့ ပူးပေါင်းစီစဉ်တင်ဆက်ပြီး ထုတ်လုပ်ရိုက်ကူးမည့် 'အိပ်မက်တွေ မိုးထားတဲ့အိမ် 'ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားကို ဒီနေ့မှာ ကျင်းပခဲ့ပြီးဇာတ်လမ်းတွဲမှာ ပါဝင်မယ့် မိုရီဆာကီဝင်း ၊နေခြည်ဦး၊ ချမ်းမင်းရဲထွဋ် ၊အောင်လေး ၊အုပ်စိုးခန့်နဲ့ အနုပညာရှင်များစွာတို့တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

MNTV နှင့် Myanmar Media 7 တို့ပူးပေါင်းတင်ဆက်မယ့် ဇာတ်လမ်းတွဲဖြစ်တဲ့ "အိပ်မက်တွေမိုးထားတဲ့အိမ် "ဇာတ်လမ်းတွဲကို မိုရီဆာကီဝင်း ၊နေခြည်ဦး၊ ချမ်းမင်းရဲထွဋ် ၊အောင်လေး ၊အုပ်စိုးခန့် ၊ညီနန္ဒ ၊ ရွှေရင်အေး ၊သဲနန္ဒာစိုး၊ မေနွယ်ထွန်း ၊ဝမ်ဝမ်း ၊ကေညီ တို့က သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားကို ဒါရိုက်တာပွင့်သိင်္ဂီဇော်ကပုံဖော်ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းတွဲကို ၂၀၁၉ အောက်တိုဘာလမှစတင်ပြီး ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်များကလည်း လက်ရှိနာမည်ကြီးနေတဲ့ သူများဖြစ်တာကြောင့် ပရိသတ်တွေ စိတ်ဝင်စားကြမှာ အသေအချာပါပဲ။


"အိပ်မက်တွေမိုးထားတဲ့အိမ် "ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့် မျိုးစန္ဒီကျော်

ပရိသတ်အချစ်တော်လေးတွေက "အိပ်မက်တွေမိုးထားတဲ့အိမ် "ဇာတ်လမ်းတွဲကို ပရိသတ်တွေစိတ်ဝင်စားအောင်ဘယ်လိုမျိုးသရုပ်ဆောင်ကြမလဲ ဆိုတာ စောင့်မျှော်အားပေးကြဖို့မမေ့နဲ့နော်။

Moekalay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။